27/7/2024 ၂၄နာရီအတွင်း မိုးခန့်မှန်းချက် များ

27/7/2024 ၂၄နာရီအတွင်း မိုးခန့်မှန်းချက် များ

မိုးတွေလာပြီ ဇေယျာရွှေပြည်
၂၀၂၄ ဇူလိုင်လ ၃၀ရက်နေ့မှ သြဂုတ်လ ၃ရက်နေ့အထိ
စစ်ကိုင်းတိုင်းဒေသကြီးသို့ အောက်မြန်မာနိုင်ငံမှ မိုးတွေရောက်ရှိလာပြီး
စစ်ကိုင်းခရိုင် မုံရွာခရိုင် ရွှေဘိုခရိုင် ကန့်ဘလူခရိုင် ကောလင်းခရိုင် ကသာခရိုင် ကလေးခရိုင် မော်လိုက်ခရိုင်
တမူးခရိုင် ဟုမ္မလင်းခရိုင် ခန္တီးခရိုင် ဒေသတွေမှာ မိုးတွေရွာနိုင်ပါတယ်
ရက်ဝေးခန့်မှန်းပေးထားတာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွက် ရက်နီးခန့်မှန်းချက်များကိုလည်း အချိန်နှင့်တပြေးညီ
update forecast ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်

မယ်ဆိုင်ချောင်းရေသတိ
၂၀၂၄ ဇူလိုင်လ ၃၀ရက်နေ့ ၃၁ရက်နေ့တွေမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင်ဒေသတွေမှာ မမိုးကြီးနိုင်ပါတယ် တာချီလိတ်မြို့ မယ်ဆိုငိချောင်းရေကြီးနိုင်သဖြင့် ၂၉ရက်နေ့မှာ မြေနိမ့်ရေဝင်နိုင်တဲ့နေရာရှိပစ္စည််းများကို ကုန်းမြင့်ရေလွတ်နိုင်တဲ့နေရာကိုပြောင်းရွှေ့ထားကြပါ
ကြိုတင်ပြင်ဆင်နိုင်ကြစေရန်အတွက် ရက်ကြိုတင်တွက်ချက်ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်
ဘေးအန္တရာယ်ကင်းကြပါစေ

မြစ်ရေ ချောင်းရေ အန္တရာယ်ရှိနေတဲ့
တနင်္သာရီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသကြီးတွေမှာ မိုးအားလျော့ကျလာနေသော်လည်း ဇူလိုင်လ ၂၉ရက်နေ့အထိတော့ မိုးရွာနိုင်ပါသေးတယ် ၃၀ရက်နေ့ ၃၁ရက်နေ့ဆိုရင်တော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဆီသို့ရောက်ရှိသွားမှာဖြစ်လို့ မိုးအားပိုမိုလျော့ကျသွားစေနိုင်ပါတယ်
ရေဘေးဒုက္ခကြုံတွေ့နေကြရသူတွေ ရေအမြန်​လျော့ကျ သွားပါစေ
သောက်သုံးရေ ရေသန့်နှင့် ထမင်းထုတ်များကိုသွားရောက်လှူဒါန်းနေကြသူများ ရေဘေးကယ်ဆယ်ကူညီနေကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
crd

sususan

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *