အမေရိကန်တစ်ဒေါ်လာ ၅၄၀၀ ကျော်သွားပြီး အခေါက်ရွှေစျေးနှုန်းမှာ ၆၈ သိန်း ၂ သောင်းအထိ စံချိန်တင်စျေးတက်

အမေရိကန်တစ်ဒေါ်လာ ၅၄၀၀ ကျော်သွားပြီး အခေါက်ရွှေစျေးနှုန်းမှာ ၆၈ သိန်း ၂ သောင်းအထိ စံချိန်တင်စျေးတက်

ရန်ကုန်၊ ဇူလိုင် ၃၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၅၄၀၀ ကျော် စျေးတက်နေပြီး အခေါက်ရွှေစျေးနှုန်းမှာမူ တစ်ကျပ်သားလျှင် ၆၈ သိန်း ၂ သောင်းအထိ စံချိန်တင်စျေးရောက်ရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အမေရိကန်ဒေါ်လာစျေးနှုန်းများသည် ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး တရှိန်ထိုးမြင့်တက်ခဲ့ရာ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ အထိ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း၊ ပြင်ပစျေးကွက်တွင် ဒေါ်လာ ဝယ်ယူမည်ဆိုပါက ပေါက်စျေးထက် တစ်ဒေါ်လာလျှင် ၂၀၀ ကျပ်ဝန်းကျင်မှ ၃၀၀ ဝန်းကျင်အထိ စျေးပိုပေးနေရကြောင်း၊ အမေရိကန်ဒေါ်လာ ဝယ်ယူမှုများ အလွန် များပြားကြောင်း သိရှိရသည်။

“အခုက အရွက် တစ်ဒေါ်လာကို ၅၄၀၀ တစ်ပတ်ချာလည်ပဲ။ အဝယ်တွေချည်းပဲ။ အရောင်းမရှိဘူးလို့ပဲပြောရမယ်။ တကယ်ဝယ်ရင် စျေးကွက်ပေါက်စျေးထက် ပိုပေးရတယ်။ ကိုယ်လိုချင်တဲ့ပမာဏနဲ့ တစ်ဒေါ်လာ ၅၅၀၀ ၊ ၅၆၀၀ အဲဒီလိုပေးရတာ။ ကိုယ်ကရောင်းချရင်တော့ ပေါက်စျေးအောက် နည်းနည်းလေး နည်းတယ်။ ဥပမာ ကိုယ်က ဒိုင်မှာ သွားရောင်း တစ်ဒေါ်လာ ၅၃၅၀ လောက်ပဲရတယ်” ဟု နိုင်ငံခြားငွေလဲဒိုင်တစ်ဦးကဆိုသည်။

ပြည်တွင်းရွှေစျေးနှုန်းမှာမူ ကမ္ဘာ့ရွှေစျေး အနည်းငယ် မြင့်တက်ခြင်းနှင့် ဒေါ်လာစျေးနှုန်းမြင့်တက်လာခြင်းတို့ကြောင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၈ သိန်း ၂ သောင်းအထိ စျေးပေါက်လျက်ရှိကြောင်း၊ အခေါက်ရွှေ ဝယ်ယူလိုသူသာ များပြားပြီး အရောင်းနည်းပါးကြောင်း ရန်ကုန်ရွှေကုန်သည်များထံမှ သိရှိရသည်။

ဓာတ်ပုံ- ပြည်တွင်းမှ ရွှေအရောင်းဆိုင်တစ်ခု။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *