၃မည်ရ ယာယီသန်းမကြီးက အရေးပေါ်ကာလ ၆လ ထပ်တိုးပြန်

၃မည်ရ ယာယီသန်းမကြီးက အရေးပေါ်ကာလ ၆လ ထပ်တိုးပြန်

ယာယီသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် သုံးမည်ရ ရာထူးရယူထားသော အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံ၏ အရေးပေါ်အခြေအနေကို သက်တမ်း ၆ လတိုး ကြောင်း ကြေညာ

 

ရန်ကုန်၊ ဇူလိုင် ၃၁

နေပြည်တော်တွင် ယာယီသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် သုံးမည်ရ ရာထူးရယူထားသော အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံ၏ အရေးပေါ်အခြေအနေကို သက်တမ်း ၆ လတိုး ကြောင်း ကြေညာကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

 

ယနေ့ နေပြည်တော်တွင် နံနက် ၁၀ နာရီအချိန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို အကြမ်းဖက်မင်းအောင်လှိုင်က ခေါ်ယူပြီး စစ်ကောင်စီအနေဖြင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေဖြင့် သက်တမ်း ၆ လတိုး အုပ်ချုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ယနေ့ ကာ/လုံအစည်းအဝေးကို အကြမ်းဖက်မင်းအောင်လှိုင်က စစ်ဝတ်စုံဖြင့် တက်ရောက်ပြီး သူ၏ ရာထူးကို ယာယီသမ္မတ(တာဝန်)နှင့် ကာကွယ်ရေး ဦးစီးချုပ်ဟု စာတန်းထိုး၍ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *