မြိုင်မြို့နယ်၊ ကပစ စက်မှု ၂ နှင့် ဝက်ပုတ်ရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး tayဆုံးနိုင်

ဇူလိုင် ၂၀ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကပစ စက်မှု ၂ နှင့် ဝက်ပုတ်ရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးနိုင်ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင် မြိုင်မြို့ရှိ ကပစ စက်မှု ၂ နှင့် ဝက်ပုတ်ရွာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၊ ရော့ကတ်များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး ၂ ဦး သေဆုံးနိုင်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” မြိုင်မြို့နယ် ဝက်ပုတ်ရွာက စစ်ခွေးကင်း ကို ၆၀ အစစ် ၁ လုံး နဲ့ 1 kg ၂ လုံး ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၂ ကောင် ထိတယ်။ သေနိုင်တယ်။
မြိုင်မြို့ ကပစ စက်မူ ၂ ကို လည်း Rocket ၁၅ လုံးနဲ့ မနေ့ က တစ်ရက်တည်း တိုက်ခိုက်ခဲ့တယ်။ စက်မှု ၂ တိုက်ခိုက်မှု ကတော့ လေယဥ်ကွင်းတွေနားနဲ့ ဆေးခန်းနားပစ်တာ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့နှင့် မိုးမိတ် အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *