ရာသီတုပ်ကွေးဖြစ်ပြီးတဲ့ သူတွေ အိပ်မပျော်သူများအတွက် အိပ်ပျော်ဆေး

ရာသီတုပ်ကွေးဖြစ်ပြီးတဲ့ သူတွေ အိပ်မပျော်သူများအတွက် အိပ်ပျော်ဆေး

ရာသီတုပ်ကွေးဖြစ်ပြီးတဲ့
သူတွေ အိပ်မပျော်သူများအတွက်
အိပ်ပျော်ဆေး
===========
လွယ်လွယ်လေးပါ။ မခက်ပါဘူး။
ပူစီနံခုနှစ်ရွက်လောက် ကို သုံးမိနစ်ရေနွေးအိုးထဲ
ရေ နှစ်ခွက်စာထည့်ပြုတ်ပြီး ညအိပ်ယာဝင်ကာနီး မှုတ်သောက်ပါ။
ကိုယ်အိပ်မပျော်တဲ့အပေါ်မူတည်ပြီး အရွက်ကိုပိုထည့်ပါ။
ချောင်းဆိုးလည်း
သက်သာတယ်။
ပူစီနံအရည်ကို သောက်ခြင်းဟာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့ …….
အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ
စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် လျော့ချနိင်ပါတယ်။
ပူစီနံက
ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ
ဖြစ်စေပါသလဲ……..?
(၁) အစာကြေစေတယ်
– ခံတွင်းကိုလည်း ရှင်းစေတယ်၊
အစာကိုလည်း ကြေစေတယ်၊
အစာမာ စားတာ များရင်၊
ဒါမှမဟုတ်
အစာမကြေ ဖြစ်နေရင်
ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့
အစောကြေ အဆင်ပြေစေပါလိမ့်မယ်
.
(၂) အာရုံကြော အားကောင်းစေတယ်
ခေါင်းကိုက် ပျောက်ကင်းစေတယ်
– ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက
အာရုံကြော အားကောင်းစေတာ
တွေ့ရသလို
ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ်ဆိုရင် ပူစီနံရဲ့အနံ့ကြောင့်
ခေါင်းကိုက်ပျေက်ကင်း
စေတာတွေ့ရပါတယ်
.
(၃) ချွဲကျစေတယ်၊
ချောင်းဆိုးပျောက်စေတယ်
– ချောင်းဆိုးပျောက်ဆေး အများစုမှာ
ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း
ထုတ်လုပ်ထားတာ တွေ့နိုင်သလို
အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့်
ချွဲကျစေသလို ချောင်းဆိုလည်း
ပျောက်ကင်းစေတာ တွေ့ရပါတယ်။
.
(၄) ပန်းနာရင်ကျပ်လည်း
သက်သာစေနိုင်တယ်
– အများဆုံးသော
ပန်းနာရင်ကျပ် သမားတွေရဲ့
လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က
ပူစီနံပါ၊ လည်ချောင်းရှင်းပြီးအသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
.
(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
– နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း
ပူစီနံ အနည်းငယ်
ပုံမှန်စားသုံးပေးသင့်ပါတယ်
နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။
.
(၆) အဝလွန်ခြင်းကို
ကာကွယ်ပေးနိုင်တယ်
– ပူစီနံရွက်ထဲမှာပါရှိတဲ့ ပူရှိန်းတဲ့
ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို
ဖယ်ရှားပေးနိုင်ပြီး အဝလွန်ခြင်းကို
ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
.
(၇) အသားရေစိုပြေစေတယ်
– အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက
အရေပြားကို စိုစွတ် အေးမြစေတယ်၊
စိုပြေစေတယ်၊
နေပူဒဏ် ခံနိုင်စေတယ်၊
ပူစီနံနဲ့ ဖော်စပ်ထားတဲ့
အရေပြား လိမ်းဆေးတွေက
အရေပြားကူးစက်ရောဂါတွေကိုပါ
ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
.
(၈)သတိမေ့ခြင်းကိုသက်သာစေနိုင်တယ်
-အသက်အရွယ်
ကြီးမားလာခြင်းအတွက်ရော
စိတ်ဖိစီးမှု များခြင်းကြောင့်
သတိမေ့ခြင်းကို
ပူစီနံက ကာကွယ်ပေးနိုင်တာ၊
သက်သာစေနိုင်တာ တွေ့ရပါတယ်။
.
(၉) ကိုယ်အလေးချိန် မှန်စေတယ်
– အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်သလို
ကိုယ်အလေးချိန် များနေသူတွေ၊
အဝလွန်နေသူတွေကိုလည်း သွေးထဲက
အဆီတွေဖယ်ပေးနိုင်တာကြောင့်
ကိုယ်အလေးချိန် မှန်ပြီး
ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။
.
(၁၀) ကင်ဆာကိုလည်း
ကာကွယ်ပေးနိုင်တယ်
– အထိရောက်ဆုံး ကာကွယ်မှု
ပေးနိုင်တာ မဟုတ်ပေမယ့်
နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ
အရတော့ ကင်ဆာဖြစ်စေမယ့်ဆဲလ်တွေဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *