ရမခကိုသိမ်းပိုက်ခဲ့​သော MNDAA ဦး​ဆောင်​သော​တော်လှန်​ရေးအဖွဲ့များအ​​ပေါ် စစ်​ကောင်စီဆန္ဒပြခိုင်း

ရမခကိုသိမ်းပိုက်ခဲ့​သော MNDAA ဦး​ဆောင်​သော​တော်လှန်​ရေးအဖွဲ့များအ​​ပေါ် စစ်​ကောင်စီဆန္ဒပြခိုင်း

ရမခကိုသိမ်းပိုက်ခဲ့​သော MNDAA ဦး​ဆောင်​သော​တော်လှန်​ရေးအဖွဲ့များအ​​ပေါ်
စစ်​ကောင်စီဆန္ဒပြခိုင်း
ဩဂုတ် ၆
ရှမ်းပြည်နယ်၊ လာရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်(ရမခ)ကိုသိမ်းပိုက်လိုက်သော ကိုးကန့်တပ်မတော်( MNDAA )ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များအား ဆန္ဒပြပွဲကိုဩဂုတ် ၆ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် စစ်ကောင်စီက စီစဉ်ထားသည်။
စစ်ကောင်စီသည် ရမခ ကို ဩဂုတ် ၃ရက်တွင် လက်လွှတ်ခဲ့ရခြင်းဖြစ်ပြီး သုံးရက်အကြာတွင် ရမခကို သိမ်းပိုက်နိုင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များအား ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ရန် စီစဉ်‌ထားခြင်းဖြစ်သည်။
ယင်းပွဲသို့ တတ်ရောက်မည့်သူများအတွက်ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ YBS ယာဉ် ၉၁ စီး ပြေးဆွဲပေးနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက ဩဂုတ် ၅ ရက် ရက်စွဲဖြင့် ညွှန်ကြားထားသည်။
စစ်ကောင်စီသည် စစ်ရေးရှုံးနိမ့်မှုများကြုံလာသည့် အချိန်တိုင်း တော်လှန်ရေးတပ်ဖွဲ့များကို ပြည်သူများ အထင်လွှဲ​ပြီးမ​ထောက်ခံစေရန် လူမျိုး​ရေး ၊ ဘာသာ​ရေး ဇာတ်လမ်းများဖန်တီး၍ ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်လေ့ရှိသည်။
၁၀၂၇ ပထမလှိုင်းတွင် စစ်ရှုံးစဥ်ကလည်း စစ်​ကောင်စီသည် MDNAA ကို ဘာသာ​၊သာသ
နာဖျက်ဆီး သူများဟု စွပ်စွဲပြီး ဘာသာ​​ရေးအစွန်​ရောက်များ ၊ စစ်တပ်​​ထောက်ခံသူများကို ဆန္ဒပြခိုင်းခဲ့​​သေးသည်။ သို့​သော်ပြည်သူများမှာ စစ်​ကောင်စီ၏ လူမျိုး​ရေး ဘာသာ​ရေး​ထောင်​ချောက်ကို ​ရှောင်ရှားနိုင်ခဲ့ပြီး စစ်​ကောင်စီ အကြံအထမ​မြောက်ခဲ့​ပေ။
ယခုအခါတွင်လည်း စစ်တပ်၏ အားအထားရဆုံးစစ်တိုင်း ကျရှုံးပြီး​နောက် MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူ တစ်ရာကျော်သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲ၍ ကန်ကွက်ရှုံ့ချ​ကြောင်းဆန္ဒပြပွဲလုပ် ခိုင်းပြန်ခြင်းဖြစ်သည်။ စစ်​ကောင်စီက MNDAA. ကို လားရှိုး စစ်​ဆေးရုံတိုက်ပွဲတွင်
ဆရာဝန်များ ၊ကျန်းမာ​ရေးဝန်ထမ်းများ၊ ​ဆေးရုံတက်​နေသူများ သတ်ဖြတ်ခဲ့သည်ဟုစွပ်စွဲပြီး ထိုသတင်းကိုဖြန့်ချီ​ခဲ့သော်လည်း မြေပြင်၌ လားရှိုးစစ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်သူမှာ စစ်ကောင်စီဖြစ်ကြောင်း MNDAA နှင့် ​ဆေးရုံမှ ဆရာဝန်အချို့က​ပြောသည်။
လားရှိုးမြို့၌ တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း စစ်ဆေးရုံ၌ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ဩဂုတ် ၃ ရက်တွင်မှ ခွဲစိတ်ဆောင်ဘက်သို့ ဗုံးတစ်လုံးကျခဲ့ကြောင်း ယင်းဆေးရုံမှ အရိုးအထူးကုပါရဂူကပြောသည်။
ထို့ပြင်စစ်ဆေးရုံမှ ဆရာဝန် ၊ သူနာပြုနှင့် လူနာများကို သြဂုတ် ၃ ရက်တွင် MNDAA တပ်ဖွဲ့ဝင်များက ခေါ်ထုတ်ပေး ခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုအပါအဝင် ဆေးနှင့် လိုအပ်သည့် ပစ္စည်းများကို MNDAA ကထောက်ပံ့ပေးခဲ့သည်ဟု အထက်ပါ ပါရဂူက ​ပြောသည်။
“ဒီလို စစ်ပွဲကာလတစ်ခုအတွင်းမှာ ၊ ကျနော် ဆရာဝန်တစ်ယောက်ပေါ့ဗျာ။ ကျနော့်အတွက်က အရေးကြီးဆုံးက လူနာတွေရဲ့ အသက်ရှင် ကျန်းမာရေးက အရေးကြီးဆုံးပါပဲ ဘယ်နေရာရောက်ရောက်ပေါ့။ အဲဒီလို ကာလကြီးတစ်ခုအတွင်းမှာ ကျနော်တို့ မိသားစုဝင်တွေနဲ့ ဒီစစ်သားတွေ၊ ဒဏ်ရာရ လူတွေကို သနားညှာတာပြီးတော့ ထောက်ထားပေးခဲ့တဲ့အတွက် ဒါ ကျနော် မမျှော်လင့်ခဲ့တဲ့ အရာတစ်ခုပေါ့။ ဒီ MNDAA တပ်မတော်ကို အရမ်းကျေးဇူးတင်ပါတယ်။”ဟုလည်း လားရှိုးစစ်ဆေးရုံမှ အရိုးအထူးကု ပါရဂူက ပြောသည်။
သို့​သော်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကမူ လားရှိုးစစ်ဆေးရုံကို MNDAAက Drop Bomb များအဆက်မပြတ် ကြဲချပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လူနာများနှင့်ကျန်းမာရေးဝန်ထမ်းများကို ပစ်ခတ် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ မိသားစုဝင်များ၊ ကလေး ငယ်နှင့်လူနာများကို ဖမ်းခေါ်ခြင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်း၏ ဝါဒဖြန့် မိန်းခွန်း၌ ပြောဆိုခဲ့သည်။
စစ်​ကောင်စီ စီစဥ်​သောဆန္ဒပြပွဲများတွင် အမျိုးသား​ရေးအစွန်း​ရောက်များ၊ စစ်တပ်​ထောက်ခံသူများ ၊ ကြံ့ဖွတ်ပါတီဝင်များ၊ ​နေ့စားဖြင့် ​ခေါ်လာသူများ စ​သော အုပ်စုများ ဖြစ်ကြပြီး ပြည်သူဟု ​ခေါင်းစဥ်တပ်၍ ဆန္ဒပြ​လေ့ရှိသည်။
“ဆန္ဒပြတာ မထိရောက်ပါဘူးဗျာအရှေ့က ငါတို့တွေဆန္ဒပြခဲ့ကြဖူးပြီး မထိရောက်လို့ လက်နက်
ကိုင်ခဲ့ကြတာပဲလေ။အဲ့တော့ မနက်ဖြန်ဆန္ဒပြပွဲ လိုက်မယ့်သူတွေကို တခါတည်း ကားတင်ပြီးစစ်သားစုဆောင်းရေးတပ်ထဲသာ တခါတည်း ခေါ်သွားလိုက်ကြပါ ” ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက အထက်ပါဆန္ဒပြပွဲအပေါ် မှတ်ချက်ပေးသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *