မန္တလေးတက္ကသိုလ်တွင် စစ်ကောင်စီတိုင်း ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ လာရောက်စဉ် အမျိုးသမီးတော်လှန်ရေးရဲဘော်များက မိုင်းခွဲတိုက်ခိုက်

မန္တလေးတက္ကသိုလ်တွင် စစ်ကောင်စီတိုင်း ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ လာရောက်စဉ် အမျိုးသမီးတော်လှန်ရေးရဲဘော်များက မိုင်းခွဲတိုက်ခိုက်

မန္တလေးတက္ကသိုလ်တွင် စစ်ကောင်စီတိုင်း ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ လာရောက်စဉ် အမျိုးသမီးတော်လှန်ရေးရဲဘော်များက မိုင်းခွဲတိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၆
မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်၊ ကျောင်းပေါင်းစုံ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ လာရောက်သည့် အကြမ်းဖက်စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ကို တက္ကသိုလ်အတွင်း ဝင်ရောက်လာစဉ် အမျိုးသမီးတော်လှန်ရေးရဲဘော်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ ရဲဘော်စောဂွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတက္ကသိုလ် (မိန်း)တွင် အကြမ်း ဖက်စစ်ကောင်စီလက် အောက်ခံ ပညာရေးဝန်ကြီးဌာနက အထက်မြန်မာပြည် ကျောင်းပေါင်းစုံ စာ ဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ကြောင်း၊ ယင်းပွဲသို့ စစ်ကောင်စီခန့်မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ လာရောက်ရန် စစ်သားများ နေရာ ယူစဉ် တိုက်မိုင်း ၂ လုံးဖြင့် တစ်ပြိုင်နက်တည်းဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တက္ကသိုလ်ထဲအထိ ဝင်ရောက်ခဲ့ရတာပါ။ ကျောင်းသားတွေက ၈ နာရီ ၁၅ မိနစ်နဲ့ ၈ နာရီ ၃၀ မိနစ် အချိန် အတွင်းမှာ ဘွဲ့နှင်းသဘင်ထဲ အရောက်နေရာယူခိုင်းဖြစ်လို့ ကျောင်းသားတွေထိခိုက်မှု မရှိ အောင် ရှောင်ရှားနိုင်ခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်အလိုက် အချိန်ဇယားနဲ့ အတိအကျ သိရှိထား တာဖြစ်လို့ ကျောင်းသားတွေထိခိုက်မှုမရှိပါဘူး။
စစ်ကောင်စီကဖွင့်တဲ့ UTC နဲ့အနီးအနားမှာ တစ်လုံး၊ နဲ့ ကျောင်းရဲ့ တက္ကသိုလ် အရံတပ်ရင်းနားမှာ တစ်လုံးခွဲခဲ့ပါတယ်။ နှစ်လုံးစလုံးတပြိုင်တည်းခွဲ ခဲ့ တာပါ” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှ ရဲဘော်စောဂွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ Eagle Guerrilla Force (ဗိုလ်ကောက်ရိုး) Civilian Military -Sagaing Region Defense Force လက်ရွေးစင် အမျိုးသမီး ရဲဘော်များမှ တက္ကသိုလ် အ တွင်းအထိ ဝင်ရောက်ကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး ရဲမေအမျိုး သမီး များဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
“ရွှေဘိုခရိုင် တပ်ရင်း ၁၅ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးမှာ MDY – PDF အောက်ကနေတဆင့် မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲလျက်ရှိပါတယ်၊ သိမ်းပိုက်ရရှိထားတဲ့ မြေပြင်စိုးမိုးလာနိုင်မှုကြောင့်လည်း အခုလို မြို့ပြ စစ်ဆင်ရေးတွေကို အချိန်တိုအတွင်း ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့တာပါ။ မိဘပြည်သူတွေအနေနဲ့လည်း မဝေးတော့တဲ့ မြို့ပြတိုက်ပွဲတွေကို သေချာ စောင့်ကြည့်ကြဖို့ ပြောချင်ပါတယ်။ ကျနော်တို့လည်း ဆက်ဆက်အိမ်ပြန်လာခဲ့ကြမှာပါ” ဟု ရွှေဘို ခရိုင် တပ်ရင်း ၁၅ မှ ရဲဘော်စောဂွန်က ပြောကြားသည်။
ထိုသို့တိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်ဖြစ်သော စစ်ဘက် ဆိုင်ရာ အစောင့်တပ်သားများနှင့် ဝန်ကြီး များကိုသာ အဓိကထားတိုက်ခိုက်ခဲ့ပြီး စစ်ရေး ပစ်မှတ်မဟုတ်သော ကျောင်းသား ဆရာ၊ဆရာမများ မထိခိုက်စေရန် အထူးသတိပြု စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- မန္တလေးတက္ကသိုလ်အဝင်အ၀။ (ပုံအဟောင်းဖြစ်ပါသည်။)
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *