မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြောပြီး နာရီပိုင်းအကြာမှာ ကျောက်မဲမြို့ Sold Outပြီ

မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြောပြီး နာရီပိုင်းအကြာမှာ ကျောက်မဲမြို့ Sold Outပြီ

မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြောပြီး နာရီပိုင်းအကြာမှာ ကျောက်မဲမြို့ Sold Outပြီ

ဩဂုတ် ၆

ရှမ်းမြောက်၊ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ကျောက်မဲမြို့က စစ်အုပ်စုအထိုင်စခန်း ခြေမြန်တပ်ရင်း-၅၀၁၊ ၅၀၂ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

မနေ့ညက အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြောပြီး နာရီပိုင်းအကွာ ည၁၀နာရီဝန်းကျင်က ကျောက်မဲဲမြို့ကို သိမ်းပိုက်ရရှိသွားတာလို့သိရပါတယ်။

“ကျောက်မဲသိမ်းလိုက်တာဟုတ်ပါတယ်။ ညပိုင်းမသေချာမှာမို့ မပြောသေးတာ။ အခုကတော့ရှင်းလင်းရေးစလုပ်နေပါပြီ”လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

ကျောက်မဲမြို့ကို ဇွန်လ ၂၅ရက်နေ့ကစတင်ပြီးတိုက်ခိုက်ခဲ့ရာ TNLAပူးပေါင်းတပ်တွေ ၁လကျော်ကြာခဲ့ပြီး လက်ရှိမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလို့သိရပါတယ်။

၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းမှာ TNLAဘက်က နောင်ချို၊ မိုးကုတ်၊မိုးမိတ်နဲ့ ကျောက်မဲမြို့တွေကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါပြီ။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *