စစ်ကောင်စီရဲ့ တပ်သားစုဆောင်းမှုအများဆုံး ဂုဏ်ပြုလက်မှတ်ရထားတဲ့ မန္တလေးက အုပ်ချုပ်ရေးမှူးညီအစ်မ ၂ ယောက် လမ်းပေါ်မှာပဲ …

စစ်ကောင်စီရဲ့ တပ်သားစုဆောင်းမှုအများဆုံး ဂုဏ်ပြုလက်မှတ်ရထားတဲ့ မန္တလေးက အုပ်ချုပ်ရေးမှူးညီအစ်မ ၂ ယောက် လမ်းပေါ်မှာပဲ …

စစ်ကောင်စီရဲ့ တပ်သားစုဆောင်းမှုအများဆုံး ဂုဏ်ပြုလက်မှတ်ရထားတဲ့ မန္တလေးက အုပ်ချုပ်ရေးမှူးညီအစ်မ ၂ ယောက် လမ်းပေါ်မှာပဲ ပစ်သတ်ခံရ

ပျားကြီး၊ ဩဂုတ် ၆ ရက်၊ မန္တလေး
စစ်မှုထမ်းသင်တန်းသား အများအပြားစုဆောင်းရှာဖွေပေးနိုင်ခဲ့လို့ စစ်ကောင်စီရဲ့ ချီးကျူးဂုဏ်ပြုမှုလက်မှတ်ရရှိထားတဲ့ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်က အုပ်ချုပ်ရေးမှူး ညီအစ်မ ၂ ယောက် ပစ်သတ်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နဲ့ ဒေါ်ခင်နန်းဆုညီအစ်မ ၂ ယောက်ကို ဒီနေ့ ဩဂုတ်လ ၆ ရက် မနက်အစောပိုင်းက ၁၈ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ ကားမောင်းလာချိန်မှာပဲ သေနတ်သမားတွေက ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
“ညီအစ်မ ၂ ယောက်စလုံးက ပစ္စတိုခါးကြားထိုးပြီး လျောက်သွားနေတာ။ စစ်သားစုဆောင်းတာ အရမ်းကောင်းလို့ စစ်တပ်ကပေးတဲ့ ဂုဏ်ပြုလက်မှတ်ကို အိမ်မှာတခမ်းတနားနဲ့ ချိတ်ထားကြတာ။ သူ့ညီမက စစ်ဗိုလ်ကတော်လေ”ဆိုပြီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း အနီးအနားမှာရှိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ညီအစ်မ ၂ ဦးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအတွက် ရပ်ကွက်အတွင်းက လူငယ်အယောက် ၁၀၀ နီးပါးကို ရှာဖွေစုဆောင်းပေးခဲ့တာဖြစ်ပြီး သင်တန်းမတက်လိုတဲ့လူငယ်တွေဆီကနေလည်း သိန်းပေါင်းများစွာ တောင်းယူခဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး ညီအစ်မ ၂ ယောက်ကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ မေဃဂီရိရပ်ကွက်တစ်ခုလုံးကို ပိတ်ဆို့ပြီးတင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေပြုလုပ်နေတာ တွေ့ရပါတယ်။
ဓာတ်ပုံ – Local
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *