တောင်သာမွှင်းခါးတွေရမယ်

တောင်သာမွှင်းခါးတွေရမယ်

မြင်းခြံ -တောင်သာ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၉ ဦး သေဆုံးကာ ၁ ဦး အရှင်မိ

ရန်ကုန်၊ ဩဂုတ် ၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြင်းခြံ-တောင်သာလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကာ ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၆ နာရီခန့်မှစ၍ တောင်သာမြို့နယ်၊ မြင်းခြံ -တောင်သာလမ်းပိုင်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်နေစဉ် တောင်သာမြို့မှ အကြမ်းဖက် စစ်ကြောင်း ထွက်လာခဲ့ပြီး‌ တောင်သာမြို့ မြောက်ဘက် ကျောက်ခွဲစက်၌ အထိုင်ချကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ စစ်ဆေးနေသည့်ဘက်သို့ လက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက် ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ် မီတာ ၇၀ အထိ ချဉ်းကပ်ကာ ကျောက်ခွဲစက်၌ အထိုင်ချနေသည့်အကြမ်းဖက် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

အဆိုပါ ကျောက်ခွဲစက်မှ အကြမ်းဖက် စစ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ စစ်ဆေးရေးလုပ်ဆောင်နေသည့် ဘက်သို့ ထပ်မံ စစ်ကြောင်းထိုးလာခြင်းကြောင့် ကင်းပုန်းဝပ် နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦး ထပ်မံသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များလမ်းပိုင်း စစ်ဆေးမှု ပြုလုပ်နေစဉ် အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ လမ်းပိုင်းစစ်ဆေးတော့ တောင်သာမြို့ထဲက ကျောက်ခွဲစက်ဘက်ကို ထွက်လာပြီး အထိုင်ချတယ်။ ကျွန်တော်တို့ စစ်ဆေးတဲ့ဘက်ကို လက်နက်ကြီးနဲ့ ၂ လုံးထုတယ်။ အဲဒါနဲ့ ၄၀ မမ နဲ့သွားပစ်တာ ပြီးတော့ စစ်ကြောင်းထပ်ထွက်လာတဲ့ ကျွန်တော်တို့ လုံခြုံရေကင်းပုန်းနဲ့ ထပ်ပြီး ထိတွေ့တိုက်ပွဲဖြစ်တာ တိုက်ပွဲက ၁၀ မိနစ် ၁၅ မိနစ်လောက်တော့ကြာခဲ့တယ်။ လမ်းပိုင်း စစ်ဆေးတော့ ၂ ဦးတော့ ဖမ်းမိခဲ့ တယ်။ တစ်ဦးပဲ ပျူစောထီး ဆိုပြီးအတည်ပြုလို့ရတယ်။ ကျန်တဲ့တစ်ဦးကတော့ အတည်ပြုမရသေးဘူး” ဟု မြင်းခြံခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုအတွင်း ကျန်နေခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ် ၅ စီးနှင့် ပြည်သူပိုင် မြေဆီရုံတစ်ခုကို အကြမ်းဖက်စစ်သားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း နှင့် တောင်သာမြို့နယ် ပကဖ အဖွဲ့ဝင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *