ကျောက်ဂူတိုက်ပွဲ စစ်ကောင်စီတပ် ၉ ဦးသေ၊ ၈ ဦးဖမ်းမိပြီး လက်နက် ၁၉ လက်ရရှိ

ကျောက်ဂူတိုက်ပွဲ စစ်ကောင်စီတပ် ၉ ဦးသေ၊ ၈ ဦးဖမ်းမိပြီး လက်နက် ၁၉ လက်ရရှိ

ကျောက်ဂူတိုက်ပွဲ စစ်ကောင်စီတပ် ၉ ဦးသေ၊ ၈ ဦးဖမ်းမိပြီး လက်နက် ၁၉ လက်ရရှိ
မဲခေါင်၊ သြဂုတ် ၉
ရှမ်းပြည်တောင်ပိုင်း၊ အင်တော၊ ကျောက်ဂူ နယ်မြေအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) နဲ့ စစ်ကောင်စီတို့ မနေ့က အပြင်းအထန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် ၉ ဦး သေ ၊ ၈ ဦးဖမ်းမိကာ လက်နက် ၁၉ လက် ရရှိတယ်လို့ DPLF က ထုတ်ပြန်ပါတယ်။
မနေ့ သြဂုတ်လ ၈ ရက် မနက်ပိုင်းက စတင်ကာ DPLF လှုပ်ရှားရာနယ်မြေဖြစ်တဲ့ ကျောက်ဂူဒေသအတွင်း ညနေပိုင်းအထိ အင်တောမြို့ လွယ်ဟော်ဝ်နဲ့ ဖက်ရင်းကုန်းရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲသည်အထိ တိုက်ပွဲပြင်း ထန်ခဲ့ကာ စစ်ကောင်စီတပ်ဘက် အသေမိ၊ အရှင်မိနဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
“အသေမိထဲမှာ အမြင့်ဆုံးက ဗိုလ်မှူး၊ ၂၉၂ တပ်ရင်း၊ ဗထူးမွေးမြူရေးတပ်၊ ဗိုလ်လောင်းကျောင်း၊ ဗထူးအမတ” လို့ DPLA ပြန်ကြားရေးတာဝန်ရှိသူ ၁ ဦးက မဲခေါင်ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးမတော် DPLA ဟာ နောင်ချိုမြို့သိမ်းတိုက်ပွဲမှာ TNLA ၊ MDY-PDF မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပါဝင်ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ ဓနုလူမျိုးတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
MK-012
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *