ချယ်ရီထက်ပြန်လည် လွ-တ်မြောက်လာ

ချယ်ရီထက်ပြန်လည် လွ-တ်မြောက်လာ

ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့် ချယ်ရီထက် လွတ်ရက်စေ့၍ ပြန်လွတ်လာ

ဧရာဝတီ၊ ဩဂုတ် ၉၊ ၂၀၂၄

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဒုရဲအုပ်ချယ်ရီထက် လွတ်ရက်စေ့သဖြင့် ယနေ့ ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီး စက်တင်ဘာလ ၂၃ ရက်တွင် ဖမ်းဆီးခံရသော ဒုရဲအုပ်ချယ်ရီထက်အား ရဲစည်းကမ်းထိန်းသိမ်းရေး နှင့် ထောင်ဒဏ် ၃ နှစ်၊ ၅၀၅ ( က ) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၅နှစ် ကျခံရန် နေပြည်တော် အချုပ်ထောင်ရှိ အထူးတရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းသည့်ညတွင် ချယ်ရီထက်နှင့်အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်နောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ နေအိမ်၌ရှိနေခဲ့ပြီး ဗိုလ်မှူးတဦး၏ ရိုက်နှက်ခံခဲ့ရကြောင်းလည်း သိရသည်။
ထို့နောက် အကျယ်ချုပ်ဖြင့် စောင့်ကြည့်ခံခဲ့ရပြီး စက်တင်ဘာ ၂၁ ရက်တွင် စစ်ဆေးရန် ခေါ်ဆောင်သွားပြီးနောက် ၂၃ ရက်တွင် ဖမ်းဆီး၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ ဒုရဲမှူး ဇော်ဝင်းထွန်းက တရားလိုပြုလုပ်ကာ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့သလို
ရဲစည်းကမ်းထိန်းသိမ်းရေးအက် ဥပဒေအရလည်း ရဲခုံရုံးအဖွဲ့ဖြင့် စုံစမ်း စစ်ဆေးပြီး အမှုဖွင့်ခံခဲ့ရသည်။စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့်ရဲတပ်ဖွဲ့ဝင်များထဲမှ တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်နှင့်ချယ်ရီထက်တို့အား ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *