မြန်မာ့ရွှေစျေး ၇၅ သိန်းဝန်းကျင်နဲ့ ဒေါ်လာစျေး ၆၀၀၀ ကျော်ထိ အတက်ကြမ်း..

မြန်မာ့ရွှေစျေး ၇၅ သိန်းဝန်းကျင်နဲ့ ဒေါ်လာစျေး ၆၀၀၀ ကျော်ထိ အတက်ကြမ်း..

မြန်မာ့ရွှေစျေး ၇၅ သိန်းဝန်းကျင်နဲ့ ဒေါ်လာစျေး ၆၀၀၀ ကျော်ထိ အတက်ကြမ်း..
ပြင်ပဈေးကွက်မှာ အခေါက်ရွှေ တကျပ်သားကို ၇၅ သိန်းကျပ်ဝန်းကျင်ထိ ရောက်ရှိလာပြီး အမေရိကန် တဒေါ်လာ ကျပ် ၆၀၀၀ ကျော်အထိ အတက်ကြမ်းနေလို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကစလို့ တကျပ်သား သိန်း ၆၀ ကျော်ဝန်းကျင်ကို ရောက်ရှိလာခဲ့တဲ့ အခေါက်ရွှေစျေးဟာ တောက်လျှောက် အတက်ကြမ်းခဲ့တာမှာ ၁၄ ရက်အကြာ မနေ့ ဩဂုတ် ၈ ရက်၊ ညနေပိုင်းမှာ သိန်း ၇၀ ကျော်ကို ရောက်ရှိလာကာ ဒီကနေ့ ဩဂုတ် ၉ ရက်မှာတော့ ၇၅ သိန်းဝန်းကျင်ကို စံချိန်ချိုး ရောက်ရှိလာတာ ဖြစ်ပါတယ်။
“ရွှေဈေးက အကျ လုံးဝ မရှိခဲ့ဘူး။ တောက်လျှောက် တက်လာတာ။ ဒေါ်လာဈေးကလည်း တက်တယ်လေ။ အကျဘက်ရောက်နေတဲ့ ကမ္ဘာ့ရွှေဈေးကလည်း ဒီနေ့ပြန်တက်လာတယ်။ အဲဒီတော့ အကုန်လုံးပေါင်းစုံပြီး နဂိုကတည်းက အတက်ပဲရှိနေ‌တဲ့ ပြည်တွင်းရွှေဈေးကလည်း ထပ်တက်တယ်ပေါ့။
ဈေးကွက်ကတော့ ပျက်ပြီးရင်း ပျက်နေတာပါပဲ။ လတ်တလော အခြေအနေတွေမရတော့ ရွှေဈေးပြန်ကျဖို့ အလားအလာ သိပ်မတွေ့ရဘူး” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ တပတ်အတွင်း ကျပ် ၅၄၀၀ ဝန်းကျင်မှာ ရှိနေခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးကတော့ ဒီကနေ့ ဩဂုတ် ၉ ရက်နေ့ ညနေပိုင်းမှာတော့ ကျပ် ၆၀၀၀ အထက် ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
အဲဒီလိုပဲ တခြားသော ငွေလဲဈေးနှုန်းတွေလည်း မြင့်တက်နေပြီး စင်္ကာပူဒေါ်လာ ၄၁၀၀ ကျော်၊ ထိုင်းဘတ် ၁၆၂ ဝန်းကျင်နဲ့ တရုတ်ယွမ် ၈၀၀ ကျပ်ဝန်းကျင်မှာ ရှိနေပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *