ကွက်ပြည့် နင်းနေပြီ သဘောပေါက် သမိုင်းရေးထိုးမယ့် မန္တလေးသားတွေ ✅🌹😍😘

ကွက်ပြည့် နင်းနေပြီ သဘောပေါက် သမိုင်းရေးထိုးမယ့် မန္တလေးသားတွေ ✅🌹😍😘

ရည်မှန်းထားသည့် စစ်ရေးပစ်မှတ်များ၏ ၈ဝ ရာခိုင်နှုန်းခန့် အောင်မြင်ထားပြီဟု မန္တလေး PDF ထုတ်ပြန်
DMG ၊ ဩဂုတ် ၁၂
ရည်မှန်းထားသည့် စစ်ရေးပစ်မှတ်များ၏ ၈ဝ ရာခိုင်နှုန်းခန့်ကို ပေါက်မြောက်အောင်မြင်အောင် ဖော်ဆောင် ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY–PDF) က ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။
မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များသို့ ကျေးဇူးတင်ဂုဏ်ပြုလွှာပေးပို့ရာတွင် ထည့်သွင်းရေးသားထားခြင်းဖြစ်ပြီး မန္တလေး PDF အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) နှင့် ရှမ်းမန်းစစ်ဆင်ရေးတို့တွင် ဟန်ချက်ညီညီတိုက်ပွဲ ဝင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
စစ်ဆင်ရေးများကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခြင်းမှာ မန္တလေး PDF နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးပါသည့် နေရာမှ ပါဝင်နေကြောင်း ဆိုထားသည်။
ဟန်ချက်ညီညီထိုးစစ်ဆင်မှုများကြောင့် စစ်ကောင်စီသည် အထိနာကျရှုံးမှုများဖြင့် ရင်ဆိုင်နေရပြီး မိမိတို့ အနေ ဖြင့် မန္တလေးတိုင်းရှိ မိုးကုတ်နှင့် စဥ့်ကူးမြို့နယ်များအပါအဝင် နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။
ပူးပေါင်းတိုက်ပွဲဝင်နေသော မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို လှိက်လှိက်လှဲလှဲ ကျေးဇူးတင်ကြောင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်လက်တွဲဆောင်ရွက်သွားရန်အသင့် ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
မန္တလေး PDF သည် မိတ်ဖက်တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နှင့် (၂)၊ မြင်းခြံ ခရိုင်တပ်ရင်း(၄) ၊ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ ညောင်ဦးခရိုင်တပ်ရင်း (၃)၊ ရေစကြိုဒေါင်းညီနောင်တပ်ဖွဲ့၊ ဝက်လက် ဒေါင်းနီတပ်ဖွဲ့၊ စဥ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDF တပ်ဖွဲ့၊ National Liberation Army (NLA)တမူးနှင့် ရွှေဘိုခရိုင်တပ်ရင်းများဖြစ်သည့် တပ်ရင်း (၃)၊ တပ်ရင်း (၇)၊ တပ်ရင်း (၈)၊ တပ်ရင်း (၁၀)၊ တပ်ရင်း (၁၄)၊ တပ်ရင်း (၁၅)၊ တပ်ရင်း (၁၆)၊ တပ်ရင်း (၁၈)၊ တပ်ရင်း (၂၃)၊ တပ်ရင်း (၂၅)၊ တပ်ရင်း (၂၆)တို့နှင့်အတူ နှင့် ပူးပေါင်းတိုက်ပွဲဝင်နေခြင်းဖြစ်သည်။
လက်ရှိတွင် မန္တလေး PDF သည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စုစုပေါင်း တပ်စခန်း ၉ ခုအထိ သိမ်းပိုက်ရရှိထားကြောင်း ထုတ်ပြန်ထားသည်။
မန္တလေး PDF သည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် တိုက်ပွဲ ဝင်နေသည့် အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကွပ်ကဲမှုအောက်တွင်ရှိသည့် လက်နက်ကိုင် အဖွဲ့လည်းဖြစ်သည်။
ပုံစာ – ဩဂုတ် ၁၀ ရက်တွင် သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ (၁၄၈) တပ်ရင်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် မန္တလေး PDF နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ – မန္တလေး PDF။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *