နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်းပြိုင် လူtတ်မှု ဖြစ်ပွား

နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်းပြိုင် လူtတ်မှု ဖြစ်ပွား

နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွား
ဩဂုတ် ၁၂
စစ်ကောင်စီနဲ့ အစိုးရဝန်ထမ်းတွေ အများစု အခြေချနေထိုင်ရာ နေပြည်တော်မှာ သုံးလောင်းပြိုင် မိသားစုလိုက် အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီလို မိသားစုလိုက် အသတ်ခံရမှုဟာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် မြတ်လေးလမ်းက နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တာပါ။
နေအိမ်တစ်ခုအတွင်းမှာ သေဆုံးနေတဲ့အလောင်းတွေကို ဩဂုတ်လ ၁၀ ရက်နေ့က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။
ရေချိုးခန်း၊ အိပ်ခန်းနဲ့ ထမင်းစားပွဲပေါ်မှာ အသီးသီးသေဆုံးနေတဲ့ အလောင်းတွေဟာ ဩဂုတ်လ ၈ရက်နေ့လောက်ကတည်းက သေဆုံးနေတာဖြစ်နိုင်ကြောင်း အခင်းဖြစ်ပွားရာကို သွားရောက်ကူညီခဲ့တဲ့ နေပြည်တော်အခြေစိုက် လူမှုကူညီရေးအသင်းတွေက ဆိုပါတယ်။
သေဆုံးရတဲ့အကြောင်းအရင်း အပါအဝင် သုံးလောင်းပြိုင် လူသတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *