ပျော်စရာကြီး✅ တကောင်းမြို့ပြည်သူတွေ သပြေညိုနဲ့ကြို ဝင်ရှိုးလိုက်တော့ 🥰

ပျော်စရာကြီး✅ တကောင်းမြို့ပြည်သူတွေ သပြေညိုနဲ့ကြို ဝင်ရှိုးလိုက်တော့ 🥰

စစ်ကောင်စီတပ်များကို မောင်းထုတ်ချေမှုန်းနိုင်လိုက်သည့် တကောင်းမြို့သိမ်းတိုက်ပွဲအပြီး တော်လှန်ရေးတပ်များက စစ်ကြောင်းပုံစံဖြင့် ချီတက်ပြီး မြို့အတွင်းဝင်ရောက်၊ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို (ရုပ်/သံ)
ဩဂုတ် ၁၃ ရက်
စစ်ကောင်စီတပ်များကို မောင်းထုတ်ချေမှုန်းနိုင်လိုက်သည့် တကောင်းမြို့သိမ်းတိုက်ပွဲအပြီး ပြည်သူများက တော်လှန်ရေးတပ်များကို သောင်းသောင်းဖျဖျ ကြိုဆိုကြကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ်၊ တကောင်းမြိုသိမ်းတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ သပိတ်ကျင်းမြိုနယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) များ တကောင်းတိုက်နယ် (ပကဖ) များ ပူး ပေါင်း၍ တကောင်းမြို့ သိမ်းတိုက်ပွဲ ဆင်နွှခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အများဆုံးကျဆုံးပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် တကောင်းမြို့ပေါ်ရှိ ထွေ/အုပ်ရုံး၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများ အများအပြား သိမ်းဆည်းရရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လက်ရှိတွင် တကောင်းမြို့တစ်ခုလုံးကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား၊ ရဲ အများအပြား သေဆုံးကာ သုံ့ပန်းများ၊ လက်နက်ခဲယမ်းများ အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း သပိတ်ကျင်းမြို နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဩဂုတ်လ ၁၂ ရက် မွန်းလွန်းပိုင်းက တကောင်းမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဆေးရုံနှင့် လေးမျက်နှာဘုရားတို့ ၌တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး တကောင်းမြို့သည် အကြမ်း ဖက်စစ်ကောင်စီကင်းစင်မြို့တစ်မြို့ဖြစ်သွားပြီဖြစ်ကြောင်း သိရသည်။
“ထွေအုပ်ရုံး၊ ဆေးရုံ၊မြို့မရဲစခန်း၊ လေးမျက်နှာဘုရားတွေမှာ နေရာယူတပ်စွဲထားတာ၊ လက်နက် တွေလည်း သိမ်းဆည်းရရှိတာများတယ်၊ သုံ့ပန်းတွေလည်းမိတာများတယ်၊ လက်နက်တွေအကုန်ရ တယ်လို့ပြောလို့ရတယ်။ လက်နက်အရေအတွက်နဲ့ စခအသေတော့ ပြောလို့မရသေးဘူး။” ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို အမှတ် ၁ စစ်ဒေသ SR3 တပ်ရင်း၊ အမှတ် ၄၁၁ တပ်ရင်း၊ သပိတ် ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) များနှင့် တကောင်းတိုက်နယ် (ပကဖ) တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်း ဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်မှ တစ်ဆင့် တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ပူးပေါင်းတပ်များက ဇူလိုင်လမှ စတင်ပြီး တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် မောင်းကုန်းကျေးရွာရှိ တကောင်းနီကယ်စက် ရုံ၏ တောင်ပေါ်လုံခြုံရေးကင်းစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် တ ကောင်း နီကယ်စက်ရုံကို သိမ်းပိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း တကောင်းမြို့၊ အင်းနက်ကျေးရွာရှိ စစ်‌တပ်၏ ဆက်သွယ်ရေး တာဝါတိုင် စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *