ကားကိုလူလိုမောင်းပေးကြပါ

ကားကိုလူလိုမောင်းပေးကြပါ

ဒီနေ့ မနက် Bus ကားစောင့်နေရင်း အရှိန်ဖြင့်ကားဝငိတိုက်မှုကြောင့် ညီမရဲ့အဒေါ် ၂ ယောက် ထိပြီး ၁ ယောက်က လက်ကျိုးပြီး ၁ ယောက်အသက်ဆုံးရှုံးလိုက်ရတယ်…
ခေါင်းက ပလက်ဖောင်းနဲ့ ရိုက်မိပြီး ambulance ပေါ်မှာထဲကစိုးရိမ်ရတဲ့ အခြေနေဖြစ်သွားတာ… ခေါင်းထိသွားတာဆိုတော့ ဆေးရုံရောက်တဲ့ထိအသိရော သတိရော ပါမလာတော့ဘူး… 8:35 ဝန်းကျင်ခန့်မှာလက်လွတ်လိုက်ရပါတယ်…
ဖြစ်စဉ်:
13.8.24 မနက် 6:30 ဝန်းကျင်ခန့်တွင် အလုံ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းစျေးမှတ်တိုင်တွင် bus ကားစောင့်နေသော သူများကိုအရှိန်ဖြင့်ဝင်တိုက်ရမှာ ၇ ဦးခန့် ထိခိုက်ပြီး လက်ရှိ ၃ ယောက်အသက်ဆုံးရှုံးသွားတယ် (ညီမအဒေါ်အပါအဝင်)… ကျန်တဲ့သူတွေကလဲ ပွန်းရုံပဲ့ရုံ အနေအထားမဟုတ်ပါဘူး… ခြေကျိုးတဲ့သူကကျိုး လက်ကျိုးတဲ့သူကကျိုးပါ…
ဘယ်လောက်အရှိန်နဲ့ မောင်းလဲ ဆိုတာ ရပ်ထားတဲ့ bongo ကားကိုတိုက်ပြီး ကားစောင့်နေတဲ့ သူအကုန် ဝင်တိုင်တာ အဲ့ရပ်ထားတဲ့ကားပါမှောက်တယိ…တိုက်တဲ့ကားက ကောင်လေး နဲ့ ကောင်မလေး.. ကားကိုလူလိုမမောင်းကြဘူး… club ကပဲ ပြန်ပြန် ဘယ်ကပဲပြန်ပြန် ဆေးကွဲနေရင်လဲ နံရံနဲ့သာပြေးတိုက်လိုက်ကြပါလား…
တန်ဖိုးမရှိတဲ့ သူတွေကြောင့် တန်ဖိုးရှိတဲ့ သူတွေအသက်ဆုံးရှုံးရတယ်.. ဘဝ အဆက်ဆက်ကိုယ်ချငိးစာတတ်ကြပါစေ။ အသက်တချက်ရှူတိုင်း ကိုယ်ကြောင့်အသက်ဆုံးရှူံးခဲ့ရတဲ့ သူတွေရဲ့ လေကိုရှုနေတယ်ဆိုတာ သတိရကြပါစေ။
ဖြစ်ဖြစ်ချင်းချက်ချင်းဆေးရုံလိုက်ပို့ပေးတဲ့ အလုံက ကြီးလေးကြီး လူမှုရေကူညီမှုအသင်း, ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များနဲ့ အနားမှာဝိုင်းကူညီပေးတဲ့ သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *