အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး ထိုင်း အမျိုးသားဥယာဥ်ထဲမှာ ရေနစ်tayဆုံး

အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး ထိုင်း အမျိုးသားဥယာဥ်ထဲမှာ ရေနစ်tayဆုံး

အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး ထိုင်း အမျိုးသားဥယာဥ်ထဲမှာ ရေနစ်သေဆုံး
 သြဂုတ် ၁၃၊ ၂၀၂၄
သြဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းနိုင်ငံ မိခင်များနေ့မှာ ပရာချင်ဘူရီပြည်နယ်၊ ပရာချက်တ ခမ်းခရိုင်၊ ခိုယိုင်အမျိုးသားဥယျာဉ်ထဲက ချန်ကလန်ရေတံခွန်ကို လာလည်တဲ့ အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး ရေနစ်သေဆုံးတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ထိုင်းမြူနီစပယ်ဌာနက တာဝန်ယူမယ်ဆိုရင် ဂရုဏာကြေးရနိုင်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။
“အခုလို အားလပ်ရက် အပန်းဖြေရင်းနဲ့ ကံမကောင်းရင် သေတတ်တယ်ဆိုတဲ့ သာဓကပဲပေါ့။ အခုဖြစ်စဉ်အရ အပန်းဖြေဥယျာဉ်ရယ်၊ မြို့ နယ် မြူနီစပါယ်ဌာနရယ်နဲ့ပဲဆိုင်တော့ သူတို့က တာဝန်ယူစိတ်ရှိတာကို ပြသရင် ဂရုဏာကြေးတော့ ရနိုင်တယ်” လို့ပြောပါတယ်။
၁၃ နှစ်အရွယ် မြန်မာ မိန်းကလေးဟာ ရေထဲမှာဆော့ ကစားရင်း ရေနစ်သွားတာဖြစ်ပြီး Ruamkatanyu ဖောင်ဒေးရှင်းက ရေငုပ်သမား ၃၀ ကျော်က မိနစ် ၃၀ ကြာအောင် လိုက်လံရှာဖွေခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သေဆုံးနေတဲ့ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို စမ်းချောင်းထဲမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *