မြင်းခြံမြို့ Sold Out လို့ပြောလို့ရနေတဲ့အဆင့်ရောက်နေပါပြီ ✅🥰

မြင်းခြံမြို့ Sold Out လို့ပြောလို့ရနေတဲ့အဆင့်ရောက်နေပါပြီ ✅🥰

မြင်းခြံက ဌာနဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားတွေရပ်ဆိုင်းပြီး ဝန်ထမ်းတွေထွက်ပြေးသွား
ဩဂုတ်လ ၁၄၊ ၂၀၂၄
သောင်ရင်းသတင်းလွှာ
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးချိန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြင်းခြံမြို့ပေါ်က အုပ်ချုပ်ရေး ယန္တရားတွေရပ်ဆိုင်းကာ စစ်အုပ်စုလက်အောက်ခံဝန်ထမ်းတွေ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးသွာပြီလို့ ဒေသခံတွေက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။
ဒီနေ့မနက်ပိုင်းကစပြီး ဌာနဆိုင်ရာယန္တရားများ ရပ်ဆိုင်းသွားပြီဖြစ်သလို ပုဂ္ဂလိကဘဏ်တွေမှာလည်း ငွေထုတ်ပေးတာတွေရပ်ဆိုင်းထားတယ်လို့သိရပါတယ်။
“Nonတွေမြို့ပေါ်မှာမရှိတော့ဘူး။ မြို့ခံတပ်တွေဘက်ကလည်း စခအောက်က ဝန်ထမ်းတွေ ပြည်သူနဲ့ပူးပေါင်းဖို့နဲ့ မပူးပေါင်းတဲ့ဝန်ထမ်းတွေကို အရေးယူမယ်လို့ကြေညာပြီးတဲ့နောက် အလျှိုလျှို ထွက်ပြေးကုန်ကြတာ။ အခုကဆီဆိုင်တွေလည်းပိတ်၊ ဈေးလည်းပိတ်ကုန်ကြပြီ”လို့မြို့ခံသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိအချိန်မှာ ရိုးမဘဏ်မှလွဲကြီကျန်ဘဏ်များအားလုံးငွေထုတ်မရသလိုရိုးမဘဏ်မှာ နံနက်၁၁နာရီထိသာ ငွေအထုတ်ရတော့ပြီး စီးပွားရေးဘဏ်မှာ အရင်တစ်ပတ်ထဲက ငွေတွေ ညောင်ဦးမှတဆင့် မန္တလေးပို့ထားပြီး စီးပွားရေးဘဏ်မှရာထူးကြီးဝန်ထမ်းများကို မန္တလေးဘဏ်ကိုခေါ်နေရာ အရေးယူခံရမှာစိုးလို့ မသွားရဲဖြစ်နေတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီကအသိပေးထားပါတယ်။
အလားတူ မြင်းခြံခရိုင်ရဲစခန်းမှ ရဲနဲ့ရဲမေများ ပုပ္ပါးမှာ ပုန်းနေသလို အခြားဌာနဆိုင်ရာများမှာလည်း နီးစပ်သလို ပုန်းနေကြတာဖြစ်ပြီးဓာတ်ဆီဆိုင်များလည်း ပိတ်ထားကာ အချို့ဆိုင်မှာ ပန့်တွေဖြုတ်သိမ်းထားတယ်လို့သိရပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *