ပေါက်ခေါင်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော ဗောဓိကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ဝင်း…

ပေါက်ခေါင်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော ဗောဓိကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ဝင်း…

ပေါက်ခေါင်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော ဗောဓိကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး ၊ ညောင်ဦးနှင့်ကျောက်ဆည်တို့တွင်လည်း အုပ်ချုပ်ရေးမှူးနှင့်ဆယ်အိမ်မှူးတို့ သေဆုံး
ဩဂုတ် ၁၄
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် လူငယ်များကို စစ်သားသစ်အဖြစ် စု ဆောင်း နေသော ဗောဓိကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းမှသတင်းနှင့် ပြန်ကြားတာဝန်ခံက ပြောဆိုသည်။
ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ၊ဗောဓိကုန်းအုပ်စု၊ ဗောဓိကုန်းရွာ နေအုပ်ချုပ်ရေးမှူး မောင်ဝင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ် ရင်း၊ တပ်ခွဲ ၅ က နေအိမ်သို့သွားရောက်ပြီး သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ရာ နဖူးနှင့်ရင်ဘတ်တို့ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှီရသည်။
သေဆုံးသူ အုပ်ချုပ်ရေးမှူး မောင်ဝင်းသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ဗောဓိကုန်းအုပ်စုအတွင်းတွင် စစ်မှုထမ်းရန် စစ်သားသစ်အတင်းအဓ္မလိုက်လံစုဆောင်းပေးခြင်း၊စစ်မှုထမ်းများအတွက်ဟုဆိုကာ ပြည်သူများထံမှ ငွေကျပ် ၁၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိ ကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူးမောင်ဝင်းကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းပြီး အုပ်ချုပ်ရေးမှူး ဆက်လက်မလုပ်ရန် သတိပေးခဲ့ကြောင်း၊ သို့ရာတွင် သတိပေးထားသည်ကြားမှ နောက်မဆုပ်ဘဲ ကျေးရွာ အုပ် စုအတွင်းပြည်သူများအပေါ်ပိုမိုဆိုးရွားစွာ အာဏာပြ လာသည့်အတွက် အရေး ယူခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဩဂုတ်လ ၉ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး လှမြင့်ဦး ကို တော် လှန်ရေးတပ်များက သွားရောက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ၊ မန္တ လေးတိုင်း ကျောက်ဆည်မြို့နယ်တွင်လည်း ဩဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာ ရီ ခွဲအချိန် ကျောက်ဆည်မြို့နယ်၊
သံချပ်ကုန်းကျေးရွာနေ ဆယ်အိမ်မှူး ဦးဖား သည် ကျေးရွာအပြင်ဘက်ရှိ လယ်တောသို့ နွားကျောင်းရန် ထွက်ခွာလာစဉ် ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကျောက်ဆည်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော သံချပ်ကုန်းကျေးရွာ ဆယ်အိမ်မှူး ဦးဖား။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *