စောစီး ပျှော်လိုက်တော့ နွားထိုးကြီး မြို့ Sold Out လင်းပြီ

နွားထိုးကြီးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ဦးကျော်သေဆုံးပြီး ၃ ဦးအရှင် ဖမ်းဆီးရရှိကာ လက်နက်မျိုးစုံ ၂၇ လက် သိမ်းဆည်းရရှိ၊ PDF ၁ ဦး ကျဆုံး
ဩဂုတ် ၁၄ ရက်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော်သေ ဆုံးပြီး ၃ ဦးအရှင်ဖမ်းဆီးရရှိကာ လက်နက်မျိုးစုံ ၂၇ လက် သိမ်းဆည်းရရှိကြောင်း၊ PDF ၁ ဦး ကျဆုံးကြောင်း Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ် ရင်း က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ စစ်ကြောင်း ၅ ကြောင်းခွဲပြီး နွားထိုးကြီးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော အေးကျောင်း၊ ဆောက်လုပ်ရေးရုံး၊ တရားရုံး ၊ထွေအုပ်ရုံး၊ ရဲစခန်း နှင့် မြို့အရှေ့ဘက် ဂိတ်တို့ကို တစ်ပြိုင် နက်တည်း ဝင်ရောက်တိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ် တပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး ၃ ဦး အရှင်ဖမ်းဆီးရရှိကြောင်း ၊ လက် နက်မျိုးစုံ ၂၇ လက်လည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့တော်လှန်ရေးတပ်များဘက်မှ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲမှူး ကိုသွန်းထက် ကျဆုံးခဲ့ရကြောင်း ၊ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်သဖြင့် မြို့ကို မထိန်းနိုင်တော့ဘဲ ပြန်လည် ဆုတ်ခွာလာခဲ့ရကြောင်း သိရှိရသည်။
နွားထိုးကြီးမြို့သိမ်းတိုက်ပွဲတွင် Natogyi People Defense Force မြင်းခြံခရိူင် အမှတ် ၄ တပ်ရင်း နှင့် အတူ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း(NRDF)၊ နွားထိုးကြီးမြိုနယ် (ပကဖ)၊ တံတားဦးမြိုနယ် (ပကဖ)၊ မြင်းခြံခရိုင် ဒရုန်း အဖွဲ့ (MDDS) တို့က ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *