သတင်းက အတော်ကို လှုပ်ခပ်သွားစေပါတယ်။ လှုပ်ခပ်သွားတဲ့ နေရာကတော့ စကစ အသိုင်းအဝိုင်း ထဲမှာပဲ ဖြစ်ပါတယ်

သတင်းက အတော်ကို လှုပ်ခပ်သွားစေပါတယ်။ လှုပ်ခပ်သွားတဲ့ နေရာကတော့ စကစ အသိုင်းအဝိုင်း ထဲမှာပဲ ဖြစ်ပါတယ်

(၁)
သတင်းက အတော်ကို လှုပ်ခပ်သွားစေပါတယ်။ လှုပ်ခပ်သွားတဲ့ နေရာကတော့ စကစ အသိုင်းအဝိုင်း ထဲမှာပဲ ဖြစ်ပါတယ်။ အတော့်ကို လှုပ်ခပ်သွားတာ သေချာပါတယ်။ ပြည်သူတွေက အဆုံးထိသွားမယ်လို့ စိတ်ပိုင်းဖြတ် ထားကြတော့ ဝမ်ယိ မကလို့ ဘယ်သူကန့်လန့် ခံနေသည်ဖြစ်စေ တွန်းဖယ်သွားရမယ် လို့ လိုင်းပေါ်မှာ မှတ်ချက်ပေး တုန့်ပြန် ကြတာ တွေ့ရပါတယ်။
ထွက်လာတဲ့ သတင်း မှန် မမှန် ဆိုတာကတော့ လာမယ့် နာရီပိုင်းအတွင်း အဖြေ ပေါ်ပါလိမ့်မယ်။ ဝမ်ယိ လာမယ် ဆိုပြီး ကြားရကတည်းက ပြည်သူတွေကြား သဘောမကျတဲ့ အသံ ထွက် လာတာ တွေ့ရပါတယ်။ ဝမ်ယိအနေနဲ့လည်း မအလ စကစ အပေါ် ဗီတို အာဏာနဲ့ မျက်နှာပြောင်တိုက် အကာအကွယ် ပေးနေတာ ရပ်သင့်ပါပြီ။ အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင် အမြဲတမ်း ပိုင်ရှင်ဟာ ပြည်သူ သာ ဖြစ်ပါတယ်။
(၂)
သတင်းနဲ့ ပတ်သတ်ပြီး ဆက်ပြောပါမယ်။ ဒီသတင်းနဲ့ ပတ်သတ်လို့ အရင်က တခုခုဆို စန်းစန်းတင့် တုန့်ပြန်ကြတဲ့ စကစ အသိုင်းအဝိုင်းက ဒီတခါ ချက်ခြင်းတုန့်ပြန်တာ မတွေ့ရပါဘူး။ ဆိုတော့ အခြေအမြစ် တခုခုကြောင့်သာ သတင်းထွက်လာတာလို့ ကောက်ချက်ချ နိုင်ပါတယ်။
သတင်းမှာပါတဲ့ အကြောင်းအကျိုး ဆက်စပ်ထားမှု ပုံစံ နဲ့ သတင်းရဲ့လားရာ ဦးတည်ချက်က စကစ ထိပ်ပိုင်းအတွက် မိသားစုနဲ့အတူ အိန္ဒြေမပျက် နှုတ်ဆက် ထွက်ခွာခွင့် လက်မှတ် ရနိုင်ခြေရှိသွားတာ တွေ့ရပါတယ်။
အဲလို ထွက်ပေါက်ပေးနိုင်တဲ့ သတင်းမျိုးကို စကစ အသိုင်းအဝိုင်း တိုင်းမှူးနေရာတွေ ကနေ ရတ ရောက်နေတဲ့ ဗျူဟာမှူး ရင်းမှူး နေရာတွေအထိ ရင်တုန် ပန်းတုန် မျှော်လင့်နေတယ်ဆိုတာ လုံးဝကြီး သိသာသွားပါတယ်။ ဆိုတော့ သတင်းက တကယ် ထိရောက်ပါ တယ်။ အဲဒီသတင်းကြောင့် တိုင်းမှူးအဆင့် တွေကနေ ရတ ရောက်နေတဲ့ ဗျူဟာမှူ ရင်းမှူးတွေ အထိ တိတ်တခိုး မျှော်လင့်နေတဲ့ အခြေအနေကြီး က ဘယ်လိုမျိုး ဆိုတာကို လုံးဝ ထင်သာမြင်သာ ရှိသွားစေပါတယ်။
(၃)
ခုချိန်မှာ စကစ လက်အောက် ရှိနေတဲ့ သူတွေအထဲ ဘယ်သူကမှ မအလ အတွက် ဆက်ပြီး မစွန့်စား လိုကြတော့ ပါဘူး။ အမလ စကစ အတွက် အသက်ပေးရင်းမယ် ဆိုတဲ့သူ ဘယ်သူမှ မရှိတော့ပါဘူး။ သတင်း ထွက်လာတာ ကြောင့် ဒီအချက်က ပိုထင်ရှားသွားစေပါတယ်။
သတင်းကြောင့် စကစ တပ်ဖွဲ့ထဲ ရိုက်ခတ်သွားမှု နဲ့ ပြည်သူတွေရဲ့ အဆုံးထိသွားမယ် ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုတွေက ဝမ်ယိခရီးစဥ်ထဲ ဖုံးကွယ်ထားတဲ့ အကြွေးထောင်ချောက်တွေ ကိုပါ အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ်။ တည်ငြိမ်ရေး ဆိုတဲ စကားလုံး တွင်တွင်သုံးပြီး မြန်မာပြည်သူတွေ အပေါ် ဝမ်ယိ လာပြီး အာရုံလွှဲလို့ မရတော့ပါဘူး။
ဝမ်ယိ ခရီးစဥ်ဟာ စကစ သက်ဇိုးရှည်အောင် အချိန်လာဆွဲတယ် ဆိုတာ မြန်မာပြည်သူအားလုံး သိပြီးသား ဖြစ်နေပါပြီ။ ခုလိုအချိန်မှာ ပြည်သူတွေ အနေနဲ့ နွေဦးတော်လှန်ရေး ပန်းတိုင်အထိ ဆက်တွန်းနိုင်ဖို့ ဝမ်ယိ ဆီက ဘာအကူညီမှ မလိုပါဘူး။ ဝမ်ယိ ခရီးစဥ်မှာ စကစ နဲ့ အကြွေးထောင်ချောက် စာချုပ်အသစ်တွေ ထပ်ချုပ် မသွားဖို့ပဲ လိုပါတယ်။
ဝမ်ယိ နဲ့ စကစ လက်ဝါးချင်းရိုက်ပြီး စာချုပ်တွေ ထပ်ချုပ်သွားမယ် ဆိုရင်လည်း ပြည်သူက လုံးဝ သဘောတူမှာ မဟုတ်ပါဘူး။ မတရား စာချုပ်တွေ အတွက် ပြည်သူတွေဆီကနေ ထိုက်တန်တဲ့ တုန့်ပြန်မှုတွေ ဝမ်ယိ နဲ့ ရှီကျင့်ဖင်ဆီ ပြန်‌ရောက်လာမှာ သေချာပါတယ်။
(၄)
သတင်းက စကစ တဖွဲ့လုံးကို အားကြီးကြီး နဲ့ ကိုင်ဆောင့်လိုက်သလိုပါပဲ။ နေရာအနှံ့က စကစ အဖွဲ့တွေ ခါထွက်သွားတာ တွေ့ရပါတယ်။ သတင်းထွက်လာတဲ့ အတိုင်းသာ အတည်ဖြစ်သွားရင် ဘာတွေ ဆက်လုပ်ပြီး ဘယ်လို အိန္ဒြေမပျက် ထွက်သွားရမလဲလို့ စကစ အဖွဲ့ထဲ စိတ်ကူးနေလောက်ကြပါပြီ။
ပွဲပြီး ရလာဒ်က သတင်းထွက်လာတဲ့ အတိုင်း မဟုတ်ခဲ့ရင်လည်း ဘယ်နေရာ အားနည်းသွားလို့လဲ၊ နောက်တခါ အခွင့်အရေး ထပ်ရမယ်ဆိုရင် ဘယ်လိုနေရာတွေကို ပိုဂရုစိုက်ကာ မအလအပါ တဆက်တည်း ရှင်းထုတ်ရမယ်ဆိုတာ စိတ်ကူးနဲ့ အကွက်ချ ပြင်ဆင်နေလောက်ပါပြီ။
နပတ မှာ မအလ ကို ရှင်းထုတ်ဖို့ရာ အတိုအရှည်ကိုင် လူ တထောင် မလိုပါဘူး။ အတွင်းသိ ဆို တဗျူဟာလောက်နဲ့ အကွက်ရွှေ့ပြီး မအလကို စတီးလက်ကောက် ပေးဝတ်လိုက်လို့ ရနိုင်ပါတယ်။ ဒီအချိန်မှာ ဘယ်တိုင်း အခြေစိုက်ကမှ မကျစေရဘူးလို့ အမလ အကြိုက် ကြွေးကြော်တာမျိုး မလုပ်ဝံ့တော့ပါဘူး။ ပြည်သူက အဆုံးထိသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားတာ စကစ အဖွဲ့ အောက်ခြေအထိ သိကုန်ကြပါပြီ။
(၅)
သတင်းရဲ့ အဖြေ သဲသဲကွဲကွဲ ထွက်လာတဲ့ အထိ ဆက်စောင့်ကြည့်ရပါမယ်။ ဒီ သတင်းက မအလ စကစ လက်အောက်မှာ မလူးသာမလွန့်သာ ဖြစ်နေတဲ့ သူတွေကို ဒါမျိုးသာ လုပ်နိုင်ရင် အိန္ဒြေမပျက် ထွက်ခွာခွင့်ရမယ် ဆိုတဲ့ မျှော်လင့်ချက် ပေးလိုက်နိုင်ပါတယ်။
စကစ အောက်ခြေကို ဒီသတင်းက အတွေးထဲ ကွန့်မြူးခွင့် ပေးလိုက်ပါတယ်။ ဆက် ကွန့်မြူးကြပါလိမ့်မယ်။ ထင်းခွေမကြုံ ရေခပ်ကြုံမယ် ဆိုတဲ့ မအလ အတွက် အထူးအစီအစဥ်သစ်တွေလည်း ထပ်ထွက်လာပါလိမ့်မယ်။ ဒီသတင်းကြောင့် အလံဖြူ ကြိုထောင်ပါရစေ ဆိုတာတွေနဲ့ ခုကတည်းက ဖရဲသီးလုပ်ပါရစေ ဆိုတာတွေ အများကြီး ထပ်ထွက်လာဖို့ ရှိသွားတာ တွေ့ရပါတယ်။
ပြည်သူကို ဆန့်ကျင်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့မဆို အဆုံးမှာ ကျဆုံးပြီး နိဂုံးချုပ်သွားရမယ် ဆိုတဲ့ အယူအဆကို စကစ အဖွဲ့ နှဖူးတွေ့ဒူးတွေ့ တွေ့သွားကြပါပြီ။ သတင်းကို ဆက် နားစွင့်ပါ နွေဦးကို တတ်အားသရွေ့ ဆက်ဝန်းရံထောက်ပို့ပါ။ အဆုံးထိသွားမယ် ပြည်သူသည်သာအဓိက။
Zaw Tun Oo
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *