အခေါက်ရွှေတစ်ကျပ်သားလျှင် ၈၅ သိန်းအထိရောက်ရှိပြီး စံချိန်တင်နှုန်းဖြင့် စျေးပိတ်ခဲ့

အခေါက်ရွှေတစ်ကျပ်သားလျှင် ၈၅ သိန်းအထိရောက်ရှိပြီး စံချိန်တင်နှုန်းဖြင့် စျေးပိတ်ခဲ့

အခေါက်ရွှေတစ်ကျပ်သားလျှင် ၈၅ သိန်းအထိရောက်ရှိပြီး စံချိန်တင်နှုန်းဖြင့် စျေးပိတ်ခဲ့
ဩဂုတ် ၁၄
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယမန်နေ့ညနေပိုင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၈၅ သိန်းဖြင့် စံချိန်တင်စျေးနှုန်းရောက်ရှိပြီး စျေးပိတ်သွားခဲ့ကြောင်း ပြည်တွင်းစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၇၈ သိန်းဝန်းကျင်သာရှိခဲ့ရာမှ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၇၀၀၀ ကျော်သွားခဲ့ပြီးနောက် ရွှေစျေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊
ညနေပိုင်း အမေရိကန်ဒေါ်လာစျေးနှုန်း အနည်းငယ်ကျဆင်းသော်လည်း ရွှေစျေးနှုန်းမှာမူ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၈၅ သိန်းအထိ ရောက်ရှိပြီး ယင်းစံချိန်တင်စျေးနှုန်းဖြင့်ပင် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။
“ရွှေစျေးကတော့ ပါးစပ်စျေးလို့တောင်ပြောရမယ်။ တချို့ကုန်သည်တွေလည်း ၈၃ သိန်းပြောတယ်။ အများစုကတော့ တစ်ကျပ်သားကို ၈၅ သိန်းစျေးပြောကြတယ်။ အရောင်းအဝယ်ကတော့ ဘယ်လိုမှ လုပ်မရတော့ဘူး။
နာရီပိုင်း၊ မိနစ်ပိုင်းနဲ့ စျေးတွေ တရိပ်ရိပ်ဆွဲတင်နေတော့လေ။ အဓိက အရွက်(အမေရိကန်ဒေါ်လာ) စျေး အပြောင်းအလဲ အရမ်းမြန်တော့ ဘာမှ လုပ်မရဘူး” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။
ယမန်နေ့ ကမ္ဘာ့ရွှေစျေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၄၆ ဝန်းကျင်တွင် စျေးနှုန်းဖြစ်ပေါ်ခဲ့ပြီး မြန်မာ့ရွှေစျေးနှုန်းမှာ အပြောင်းအလဲ အလွန်မြန်ဆန်စွာဖြင့် စံချိန်တင် စျေးနှုန်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *