တကောင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၆၄ ဦးtayသုံးပြီး ၂၀ ဦး အရှင်ဖမ်းမိကာ သေနတ်မျိုးစုံ ၈၃ လက် သိမ်းဆည်းရရှိ

တကောင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၆၄ ဦးtayသုံးပြီး ၂၀ ဦး အရှင်ဖမ်းမိကာ သေနတ်မျိုးစုံ ၈၃ လက် သိမ်းဆည်းရရှိ

တကောင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၆၄ ဦးသေသုံးပြီး ၂၀ ဦး အရှင်ဖမ်းမိကာ သေနတ်မျိုးစုံ ၈၃ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၁၃
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သိမ်း တိုက်ပွဲတွင် အကြမ်း ဖက် စစ်ကောင်စီ တပ်သား ၆၄ ဦး သေသုံးပြီး ၂၀ ဦး အရှင်ဖမ်းမိကာ သေနတ်မျိုးစုံ ၈၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန် ပြောဆိုသည်။
ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြိုနယ်၊ တကောင်းမြို့ကို အမှတ် ၁ စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုဖြင့် အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် ၅၁၁ တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲနှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့က စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် တ ကောင်း မြို့ကို သိမ်းပိုက်ရရှိခဲ့နိုင်ကြောင်း သိရသည်။
တကောင်းမြိုပေါ်တွင် ဒု-ဗိုလ်မှူးကြီး ရဲခေါင်နှင့် ဗိုလ်မှူး မိုးသွင် ဦးစီး တတက -၁၃၊ ဗိုလ်မှူး မိုးဝင်း ဦးစီး စခတ-၂၊ ရဲအုပ် အောင်ကိုဝင်း ဦးစီး ရဲတပ်ဖွဲ၊ ဇော်လင်းနိုင် (ဒု-မြိုနယ်မှူး) တို အခြေပြုနေထိုင်သော ထွေအုပ်ရုံး၊ ဆေးရုံနှင့် ရဲ စခန်း တို့ကို ဩဂုတ်လ ၁၁ ရက်နေ့တွင် ရရှိခဲ့ပြီး လေးမျက်နှာဘုရားကို ဩ ဂုတ်လ ၁၂ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၆၄ ဦး သေဆုံးပြီး ၂၀ ဦး ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၈၃ လက်၊ ကျည်မျိုးစုံ ၁၄၀၀၀ ကျော် ၊ ဗုံးသီးမျိုးစုံ ၁၃၀ ခန့် သိမ်းဆည်းရခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *