ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့မြန်မာတွေပါတဲ့ယာဥ် တိမ်းမှောက်

ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့မြန်မာတွေပါတဲ့ယာဥ် တိမ်းမှောက်

ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့မြန်မာတွေပါတဲ့ယာဥ် တိမ်းမှောက်
ထိုင်းနိုင်ငံ ပရာကျွတ်ခီရီကန်ခရိုင် ဆမ်လွဲ့ယွတ်မြို့နယ်ထဲမှာ အထောက်အထားမဲ့မြန်မာတွေကို သယ်ဆောင်လာတဲ့ကားတစီးဟာ စစ်ဆေးရေးဂိတ်က စစ်ဆေးမှုကိုမခံဘဲမောင်းပြေးတာကြောင့် ကားတိမ်းမှောက်ပြီး လိုက်ပါလာတဲ့ လူ ၉ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ပရာကျွတ်ခီရီကန်ခရိုင် ဆမ်လွဲ့ယွတ်မြို့နယ်ထဲမှာ ဩဂုတ်လ ၁၃ ရက်နေ့က တရားမဝင်မြန်မာတွေ သယ်ဆောင်လာတဲ့ကားတစီးဟာ စစ်ဆေးရေးဂိတ်က စစ်ဆေးမှုကိုမခံဘဲ မောင်းပြေးတာကြောင့် ကားတိမ်းမှောက်ခဲ့တာပါ။ ကားပေါ်မှာလိုက်ပါလာသူ ၉ ဦးမှာ ပြင်းထန်ဒဏ်ရာရသူ ၆ ဦးရှိခဲ့ကြောင်း အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။
“ပရာကျွတ်ခီရီကန်ခရိုင်ထဲမှာ ဆမ်လွဲ့ယွတ်မြို့နယ်ရှိတယ်။ အဲဒီမြို့နယ်ထဲမှာ ဩဂုတ်လ ၁၃ ရက်နေ့က တရားမဝင်မြန်မာ ၉ ဦးတင်ဆောင်လာတဲ့ မော်တော်ယာဉ်ကို မသင်္ကာလို့ လုံခြုံရေးတပ်ဖွဲ့တွေကတားတယ်။ အဲဒါကို စစ်ဆေးတာမခံဘဲ ကားကမောင်းပြေးတယ်။
မောင်းပြေးတဲ့ယာဉ်ကို ပိုက် စိတ်တိုက် လိုက်လံဖမ်းဆီးရာမှာအဲဒီကားက လမ်းမကြီးကနေ လမ်းသွယ်ထဲကိုအဝင်မှာ အရှိန်မထိမ်းနိုင်ဘဲ ကားက ချော်ကျပြီး တိမ်းမှောက်ခဲ့ပါ တယ်။ သူတို့ကို ကွီပူရီ ဆေးရုံကိုပို့ပြီး ကုသပေးနေပါတယ်။”
၂၀၂၄ ခုနှစ် နှစ်စကတည်းက အခုလို စစ်ဆေးရေးဂိတ်တွေမှာ အစစ်ခံဘဲ မောင်းနှင်ထွက်ပြေးခဲ့တဲ့အမှုတွေမှာ ဒီတကြိမ်က ၇ ကြိမ်မြောက်ဖြစ်တယ်လို့ လည်း ဦးမိုးကြိုးကဆက်ပြောပြပါတယ်။
“၂၀၂၄ ထဲမှာ ၇ကြိမ်မြောက် မတော်တဆ တိမ်းမှောက်မှုဖြစ်ပါတယ်။ မတော်တဆမှုမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာကော ထိုင်းနိုင်ငံထဲ ရောက်ပြီးမှ တခြားခရိုင်မှာအလုပ်ကေငာ်းတယ်ဆိုပြီး ပွဲစားရဲ့ဖျားယောင်းချက်နဲ့သွားတဲ့မြန်မာကော ပေါင်းရင် သေဆုံးသူ ၂၁ ယောက်ရှိပြီး ဒဏ်ရာရသူ ၈၁ ယောက်ရှိပါတယ်။”
ပြီးခဲ့တဲ့မေလ ၇ ရက်နေ့တုန်းကလည်း ထိုင်းမြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်ထဲမှာ တရားမ၀င် မြန်မာ ၁၂ ဦး တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးဟာ တိမ်းမှောက်ခဲ့ပြီး လမ်းဘေးကိုထိုးကျသွားခဲ့လို့ ပြင်းထန်ဒဏ်ရာရသူ ၃ ဦးရှိခဲ့ပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *