မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းတွင် အရက်သောက် ပျော်ပါးနေသော ရဲတပ်သား ၃ ဦးကို အရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ ဩဂုတ် ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းတွင် အရက်သောက် ပျော်ပါးနေသော ရဲတပ်သား ၃ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းတွင် လာရောက် အရက်သောက်ပျော်ပါးနေသော ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ကျိုက်ထိုတော်လှန်ရေးအင်အားစုက နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေစဉ် အရှင်လက်ရ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
အရှင်လက်ရဖမ်းဆီးရရှိသူ ၃ ဦးမှာ ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်သား ဝင်းထက်နှင့် ရဲတပ်သား ကြည်သာ(ခ) ဖိုးအော၊ သထုံခရိုင်ရဲတပ်ဖွဲ့ ၊ ဦးစီး ၁ ၊ ဌာနစိတ်တွင် တဝန်ထမ်းဆောင်နေသော ရဲတပ်သား ကောင်းထက်ကျော်(ခ) ကျန်ကျောင်းတို့ကို ဖမ်းဆီးရရှိကြောင်း၊ ၎င်းတို့ကို စစ်ဆေးမေးမြန်းပြီးနောက် သက်ဆိုင်ရာသို့ အပ်နှံထားကြောင်း KRF က သတင်းထုတ်ပြန်ထားသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *