ခြံအမှတ် ၅၄ ဒုတိယအကြိမ်လေလံပွဲ မအောင်မြင်

ခြံအမှတ် ၅၄ ဒုတိယအကြိမ်လေလံပွဲ မအောင်မြင်

ခြံအမှတ် ၅၄ ဒုတိယအကြိမ်လေလံပွဲ မအောင်မြင်
သြဂုတ် ၁၅
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄)နဲ့နေအိမ်ကို လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၃၀၀နဲ့ ဒီနေ့ သြဂုတ်၁၅ရက် မနက် ၁၀နာရီမှာ ဒုတိယအကြိမ် လေလံတင်ရောင်းချခဲ့ပါတယ်။
ဒါပေမယ့် လေလံပွဲမှာဝယ်ယူမယ့်သူတစ်ယောက်မှမရှိတာကြောင့် လေလံပွဲမအောင်မြင်ကြောင်း ရှေ့နေက ခြံအမှတ်(၅၄)နေအိမ်ရှေ့မှာ ကြေညာခဲ့ပါတယ်။
မတ်လ ၂၀ရက်က ပြုလုပ်ခဲ့တဲ့ပထမအကြိမ်လေလံပွဲမှာ လေလံကြမ်းခင်းစျေးကို ကျပ်ငွေ ၃၁၅ဘီလီယံနဲ့သတ်မှတ်ရောင်းချခဲ့ပြီး ဝယ်ယူမယ့်သူတစ်ဦးတစ်ယောက်မှမရှိတဲ့အတွက် လေလံစျေးကို ကျပ်ငွေ ၂၈၅ဘီလီယံနဲ့ စျေးလျော့ချပေးဖို့နဲ့ ဝယ်ယူမယ့်သူကို အိမ်နဲ့ခြံကိုအတွင်းပိုင်းအထိ ဝင်ကြည့်ရှုခွင့်ပေးဖို့ဆိုတဲ့အချက်တွေကို ဦးအောင်ဆန်းဦးက တရားရုံးကိုပြန်လည်တင်ပြခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီစျေးနှုန်းသတ်မှတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့တာကြောင့် တရားရုံးက ဒုတိယအကြိမ်လေလံပွဲအတွက် လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၃၀၀သတ်မှတ်ပေးခဲ့တာပါ။
‌ဒေါ်အောင်ဆန်းစုကြည်ရဲ့အကိုဖြစ်သူ ဦးအောင်ဆန်းဦးဟာ ခြံအမှတ် (၅၄)ပရဝုဏ်အတွင်းကအရာအားလုံးကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို နှစ်ယောက်ခွဲယူမယ်ဆိုပြီး ၂၀၀၀ပြည့်နှစ်မှာ အမှုစတင်ကာ ၂၀၁၆ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုနေထိုင်ရာအိမ်နဲ့ ခြံတစ်ဝက်ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးကရယူဖို့ တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။
ဒီအမိန့်ကိုဦးအောင်ဆန်းဦးက မကျေနပ်တာကြောင့် NLDအစိုးရလက်ထက်မှာ အယူခံတက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင့် ၂၀၂၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကဖမ်းဆီးထောင်ချခဲ့ချိန်မှာ ဦးအောင်ဆန်းဦးက အထူးအယူခံဆက်တက်ခဲ့ပါတယ်။
အဲ့ဒီမှာ ဦးအောင်ဆန်းဦးကိုအနိုင်ပေးခဲ့ပြီး ရန်ကုန်တိုင်း ကမာရွတ်ခရိုင်တရားရုံးက လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။
ခြံအမှတ် ၅၄အိမ်နဲ့ခြံကို အမျိုးသားညီညွတ်ရေးအစိုးရNUGက အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ပုဂ္ဂလိကပိုင်အဖြစ်ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ကြေညာထားပါတယ်။
ဓါတ်ပုံ-၂၀၁၂ ခုနှစ်က ခြံအမှတ် ၅၄နေအိမ်တွင် သတင်းစာရှင်းပွဲပြလုပ်နေပုံ
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *