ပြည်သူတွေ ရေမရအောင် ယုတ်မာထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ဝင်ရောက်တိုက်ခိုက်ခံရပြီး ၇ယောက်tay

ပြည်သူတွေ ရေမရအောင် ယုတ်မာထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ဝင်ရောက်တိုက်ခိုက်ခံရပြီး ၇ယောက်tay

ပြည်သူတွေ ရေမရအောင် ယုတ်မာထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ဝင်ရောက်တိုက်ခိုက်ခံရပြီး ၇ယောက်သေ
ဩဂုတ် ၁၅၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ သလဲဘာပျူရွာမှာရှိတဲ့ ပျူစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်တော်သား ၇ ယောက် သေဆုံးသွားတယ်လို့ ShweBo Crocodile အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့၊ မနက်အစောပိုင်းမှာ သလဲဘာကျေးရွာက ပျူစောထီးအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ၅နာရီကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
“ဒီသလဲဘာပျူရွာက ပျူတွေ စစ်ခွေးတွေ ဘယ်လောက်ယုတ်မာလဲဆို သလဲဘာရွာ အောက်ဖက်မှာရှိတဲ့ ဆည်မြောင်း၊ ရေသောက် တူးမြောင်းတွေကို ပိတ်ထားလို့ ကျေးရွာတော်များများ ရေမရဘူးဗျ။
ပြည်သူတွေ တောင်ယာလုပ်ဖို့ ခက်ကုန်ရော။ အဲ့ဒါကြောင့် အခုလို ကျနော်တို့ အရာတော်တပ်ရင်း၊ ဒီပဲယင်း၊ ရွှေဘိုက တလရ ညီအစ်ကိုတွေက ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်တိုက်ခိုက် ချေမှုန်းရခြင်းဖြစ်တယ်။ ဆက်လက်ပြီးလည်း စခန်းသိမ်းနိုင်ဖို့ ကြိုးစားဖော်ဆောင်သွားမယ်” လို့ ShweBo Crocodile အဖွဲ့ခေါင်းဆောင် ဗိုလ်မိ‌ေကျာင်းက မောင်းကို ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် အဲဒီပျူစခန်းက ပျူ ၄ယောက်နဲ့ စစ်ကောင်စီတပ်သား ၃ ယောက်၊ စုစုပေါင်း ၇ ယောက်သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၂ယောက်ကတော့ အသေးစား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းသိမ်းနိုင်တဲ့ အနေအထားအထိ ရောက်ခဲ့ပေမယ့် ပျူစောထီးစခန်း ပတ်ပတ်လည်မှာ မိုင်းတွေရှိနေပြီး အရာတော် လေ့ကျင့်ရေးစခန်း အမှတ် (၁၀) ကနေလည်း လက်နက်ကြီး ပစ်ကူကာ စစ်ကူလွတ်လိုက်ကြောင်း သတင်းရရှိတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို တပ်ရင်း ၂၁/၁၉/၂၆/၂၂/ Zero ဦးဆောင်ပြီး ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Shwebo Crocodile၊ ဗိုလ်ကျားရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်ဂျပန်ကြီး TTT အဖွဲ့၊ စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည်အဖွဲ့၊ ရွှေဘိုအားမာန်အဖွဲ့၊ HG FIGHTER၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့၊
ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Hero Brother ၊ ဖျံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မဟာမိတ် Fix wing အဖွဲ့ ၊ Drone တပ်ဖွဲ့ ၊ Zay Yar Thawed၊ YAUNG NI၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊BO BA Taw (LDF) ရွှေဘိုမြို့နယ် တလရ တပ်ပေါင်းစုတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *