ရန်ကုန်မှာ စက်သုံးဆီ မှောင်ခိုစျေးကွက် ပြန်လည်ဖြစ်ပေါ် ဆီတလီတာ ၈၅၀၀ ထိစျေးပေါက်..

ရန်ကုန်မှာ စက်သုံးဆီ မှောင်ခိုစျေးကွက် ပြန်လည်ဖြစ်ပေါ် ဆီတလီတာ ၈၅၀၀ ထိစျေးပေါက်..

ရန်ကုန်မှာ စက်သုံးဆီ မှောင်ခိုစျေးကွက် ပြန်လည်ဖြစ်ပေါ် ဆီတလီတာ ၈၅၀၀ ထိစျေးပေါက်..
ရန်ကုန်မြို့မှာ စက်သုံးဆီ ပြတ်လပ်မှုနှင့်အတူ အငှားယာဉ်အချို့ ရပ်နားထားရပြီး ရပ်ကွက်တိုင်းနီးပါး ပြင်ပဆီ မှောင်ခိုစျေးကွက် ပြန်လည်ဖြစ်ပေါ်နေပါတယ်။
“အနည်းဆုံးတစ်ရက် တန်းစီရတယ်။ ပြီးရင် ထည့်ပေးတာ အကန့်အသတ်နဲ့ ဆိုတော့ ဘာမှ မထူးဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ကားမဆွဲတော့ဘူး။ ရပ်ထားတယ်” ဟု အငှားယာဉ်မောင်းတဦးက ပြောသည်။
အငှားကားတချို့က ဆီကို အချိန်ပေးတန်းစီနေကြပြီး ဆီကို တစ်လီတာရေသန့်ဘူး တဘူးလျှင် ၆ ထောင် ၇ ထောင်ဖြင့် ပြန်ရောင်းစားနေကြကြောင်း သိရသည်။
ဆီ ၅ သောင်းဖိုးထည့်ပြီး အငှားကားဆွဲလျှင် အမြတ်ငွေ ၂ သောင်းရဖို့ မလွယ်၊ ဆီ ၅ သောင်းဖိုးထုတ်ပြီး တစ်လီတာ ၆ ထောင်ဖြင့် ပြန်ရောင်းနေသူတို့မှာ တနေ့အမြတ်ငွေ ၅ သောင်းလောက် ပြန်ရနေသည်။
ထို့အတူ မြို့နယ်ရပ်ကွက်များအတွင်း ပြေးဆွဲနေသည့် သုံးဘီယာဉ်များမှာ နီးစပ်ရာ ဆီမှောင်ခို စျေးကွက်မှ ဝယ်ယူသုံးစွဲနေရပြီး တစ်လီတာ တဘူးလျှင် ၇၀၀၀ ကျပ်မှ ၈၅၀၀ ကျပ်အထိ စျေးကွက် ဖြစ်နေသည်။
“အရင်က စျေးထဲ နဲ့ လမ်းထိပ်ဆို တထောင်ပဲ။ အခုကတော့ ၃ ထောင်လောက်တောင်းမှ ဆီဖိုးရတယ်။ ဒါနဲ့ပဲ ထမင်းစားနေရတာဆိုတော့ မထည့်ရင် ငတ်မှာဆိုတော့ ရသလောက် ဆီ ထည့်ပြီး ဆွဲနေရတယ်” ဟု မြေက်ဥက္ကလာပ မြို့နယ်မှ သုံးဘီးယာဉ်မောင်း တစ်ဦးက ပြောသည်။ (Ref – PS)
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *