လားရှိုးမြို့မှစ-စ်ဘေးရှောင်ကလေးငယ်တစ်ဦးပျောက်ဆုံး

လားရှိုးမြို့မှစ-စ်ဘေးရှောင်ကလေးငယ်တစ်ဦးပျောက်ဆုံး

လာရှိူးကနေ မြေးအဖိုးနှစ်ယောက် စစ်ရှောင်လာရင်းနဲ့ အဖိုးဖြစ်သူက ဓာတ်ဆီ ထည့်နေတုန်း ကလေးလေးကို ဘေးမှာရပ်ထားတဲ့ မိတ္ထီလာက သုံးဘီးပေါ်မှာ ထိုင်ခိုင်းထားတယ်တဲ့…ဆီထည့်နေတုန်း အဲ့ဒီ
သုံးဘီးက ထွက်သွားလို့ ကလေးလေး ပါသွားလို့ပါ…တွေ့ရင် ကူညီပေးပါအုံး share ပေးပါအုံး…
၃နှစ်ခွဲ အရွယ် အသားဖြူဖြူလေးပါတွေ့ရင် ဆက်သွယ်ပေးပါအုံး-09666243624-သူ့အမေ ရင်ကွဲမတတ်ဖစ်နေလို့ပါ…ကူညီပီး တင်ပေးတာပါခင်ဗျာ…စစ်ဘေးရှောင်ကလေးငယ်ပျောက်ဆုံး
မှုဖြစ်စဥ်မှန်(နောက်ဆက်တွဲ)၂၀၂၄သြဂုတ်(၁၄)ရှမ်းပြည်(မြောက်)လားရှိုးမြို့မှစစ်ဘေးရှောင်ကလေးငယ်တစ်ဦးပျောက်ဆုံးမှုအားကနဦးတင်ပြခဲ့ပြီးဖြစ်ပါတယ်…
ဖြစ်စဥ်အမှန်သိရှိနိုင်ရေးအတွက်ကလေးငယ်နှင့်အတူလာရောက်သည့်အဘိုးဖြစ်သူဦးချစ်ငွေ(၅၄)နှစ်အားချိတ်ဆက်ရရှိပြီးဖုန်းနှင့်ဆက်သွယ်မေးမြန်းချက်များအရ….​
“သြဂုတ်(၉)ရက်နေ့ကတောလမ်းမှတဆင့်လားရှိုးမြို့မှမြေးဖြစ်သူမောင်ဖုန်းခန့်ပြည့်(၃)နှစ်အားဆိုင်ကယ်နှင့်တင်ဆောင်စစ်ဘေးရှောင်လာခဲ့ရာတောင်ကြီးမြို့သို့ရောက်ရှိခဲ့ကြောင်းသြဂုတ်(၁၃)ရက်နေ့ကတောင်ကြီးမှဆင်းလာရာအောင်ပန်းမြို့သို့ရောက်ရှ်ိပြီးမြို့အထွက်ဆီဆိုင်တွင်ဆိုင်ကယ်ဆီဖြည့်စဥ်
လားရှိုးမှစစ်ဘေးရှောင်လာသောမိသားစုဝင်(၄)ဦးပါသုံးဘီးယာဥ်တစ်စီးအားတွေ့ရှ်ိ၍မြေးဖြစ်သူအား၄င်းသုံးဘီးပေါ်ခဏတင်ထားခဲ့ကြောင်း..၄င်းတို့နှင့်စကားစပ်မိရာမှသိရှိခဲ့ပြီးမိတ္တှီလာမြို့နယ်မှဟုသိရကြောင်းသုံးဘီးယာဥ်ထွက်သွားရာမြေးဖြစ်သူပါသွားသော်လဲဆိုင်ကယ်ဖြင့်နောက်မှလိုက်မည်ဟုစိတ်ကူးမိပြီးဆီထည့်ပြီးနောက်မှလိုက်သွားရာမည်သည့်လမ်းမှမောင်းသွားသည်ကိုမသိရှ်ိရပဲမြေးဖြစ်သူပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း..
သုံးဘီးနှင့်မိသားစုမှာလားရှိုးမှစစ်ဘေးရှောင်လာပြီးမိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းဘေးရှိကျေးရွာ(စုံစမ်းဆဲ)ဇာတိဖြစ်ကြောင်းစကားစပ်မိစဥ်ကလူအမည် ရွာအမည်တို့ကိုမေးမြန်းခဲ့ခြင်းမရှိကြောင်း…ပျောက်ဆုံးသူကလေးငယ်၏အဘိုးဦးချစ်ငွေ၏ပြောပြချက်အရသိရပါတယ်…..
ဖြစ်စဥ်အရအခင်းဖြစ်နေရာမှာအောင်ပန်းမြို့နယ်ဖြစ်ပြီးကလေးပါရှိသွားသောသုံးဘီးယာဥ်မှာမိတ္တီလာမြို့နယ်ကျောက်ပန်းတောင်းကားလမ်းဘေးရှိကျေးရွာမှစစ်ရှောင်မိသားစုသုံးဘီးဖြစ်ကြောင်းသိရှိရသဖြင့်အဆိုပါသုံးဘီးပိုင်ရှင်အနေဖြင့်ကလေးပျောက်ဆုံး၍စုံစမ်းရှာဖွေနေသည့်မိသားစုအားစာနာထောက်ထားပြီးမိဘအုပ်ထိန်းသူ၏ဖုန်း-၀၉၆၆၆၂၄၃၆၂၄-သို့ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန်မေတ္တာရပ်ခံအကူညီတောင်းခံအပ်ပါတယ်..
ကလေးငယ်၏အဘိုးဦးချစ်ငွေနှင့်မိခင်ဒေါ်အေးမာတို့မှာ၄င်းတို့ဇာတိမကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်သံကိုင်းသိမ်ကုန်းကျေးရွာသို့ဆက်လက်ထွက်ခွာသွားပြီဖြစ်ပါတယ်..ကလေးငယ်ပြန်လည်အပ်နှံပါကလိုအပ်သောအကူအညီများရယူလိုလျင်-၀၉၆၆၆၈၃၄၉၄၄-သို့ဆက်သွယ်နိုင်ပါတယ်…
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *