ပေါက်ခေါင်းတွင် တပ်သားသစ်စုဆောင်းနေသော သစ်ရောင်းပြန်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တင့်လွင့် ပစ်ခတ်ခံရပြီး tayဆုံး

ပေါက်ခေါင်းတွင် တပ်သားသစ်စုဆောင်းနေသော သစ်ရောင်းပြန်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တင့်လွင့် ပစ်ခတ်ခံရပြီး tayဆုံး

ပေါက်ခေါင်းတွင် တပ်သားသစ်စုဆောင်းနေသော သစ်ရောင်းပြန်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တင့်လွင့် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၇
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်အတွက် တပ်သားသစ်စုဆောင်းနေသော သစ်ရောင်းပြန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင့်လွင် ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ ၃၆၀၁ PPDF တပ်ရင်း၏ သတင်းနှင့် ပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင် စီအတွက် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးနေသော သစ်ရောင်းပြန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင့်လွင်ကို ၎င်းနေထိုင်ရာ အိုင်စောက်ကျေးရွာတွင် တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၊ ပစ်ခတ်မှုကြောင့် ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ပစ်ခတ်ခံရပြီး သေဆုံးသွားသော သစ်ရောင်းပြန်ကျေးရွာအုပ်ချုပ်ရေးမှူးတင့်လွင်သည် အကြမ်းဖက်စစ်ကောင်စီအတွက် တပ်သားသစ်များကို အတင်းအဓ္မစုဆောင်ပေးခြင်း၊ စစ်မှုထမ်းများအတွက်ဟုဆိုကာ ပြည်သူလူထုထံမှ အတင်း အကျပ် ငွေကြေးများ ကောက်ခံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ပြည်ခရိုင်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေ ဖြင့် တင့်လွင်ကဲ့သို့ အရေးယူခံရခြင်းမရှိစေရန် ရာထူးမှ တရားဝင် အချိန်မီ နုတ်ထွက်ကြရန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း၏ သတင်းနှင့် ပြန်ကြားတာဝန်ခံက သတိပေးပြောဆိုသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *