ငါန်းဇွန်မြို့နယ်က စစ်တပ် တပ်စွဲသည့် နေရာများကို PDF များ ၀င်ရောက်တိုက်ခိုက်ရာ ၃၀ ဦးခန့် tayဆုံး

ငါန်းဇွန်မြို့နယ်က စစ်တပ် တပ်စွဲသည့် နေရာများကို PDF များ ၀င်ရောက်တိုက်ခိုက်ရာ ၃၀ ဦးခန့် tayဆုံး

ငါန်းဇွန်မြို့နယ်က စစ်တပ် တပ်စွဲသည့် နေရာများကို PDF များ ၀င်ရောက်တိုက်ခိုက်ရာ ၃၀ ဦးခန့် သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၃၀ ဦးခန့်သေဆုံးခဲ့တယ်လို့ People’s Defence Force – South Monywa သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုကျေးရွာဘုန်းကြီးကျောင်းအတွင်း ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေကို ယမန်နေ့ မွန်းလွဲ၂နာရီ ၅၀ မိနစ်ကစ၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှု အပါအဝင် ၊လက်နက်ငယ်တွေနဲ့ မီတာ ၁၀၀ ခန့်အကွာမှ အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ဦးခန့် သေဆုံးပြီး အများအပြား စိုးရိမ်ဒဏ်ရာရခဲ့ကြောင်း တိကျခိုင်မာတဲ့ မြေပြင်သတင်းအချက်အလက်များအရ အတည်ပြုပါကြောင်း People’s Defence Force – South Monywa ကသတင်းနဲ့ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။
“၁၅ရက်နေ့ညက ရောက်တာပါဗျ။ အတိအကျတော့ မသိရဘူးဗျ တော်တော်များပါတယ်။ စခတွေက မကျေမနပ်နဲ့ တိုက်ပွဲဖြစ်ပြီး ခဏနေတော့ စစ်ကူရောက်လာတဲ့ကောင်တွေက ဘေးပတ်ပတ်လည် လက်နက်ကြီးတွေနဲ့ ပတ်ထုသေးတယ်”လို့ ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအပြီးတွင် ငါန်းဇွန်မြို့မှ ကား ၃ စီးနဲ့ စစ်ကူအင်အားအများအပြား လာရောက်ကာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ၊ ထပ်တိုးအင်အားကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက လက်နက်အင်အား၊ ကျည်အင်အားမမျှတမှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ TGYR-Youth Guerrilla Counter Revolution-NZ(ငါန်းဇွန်)၊ငါန်းဇွန်မြို့နယ် ( ပကဖ)၊925- ပြောက်ကျားတပ်ဖွဲ့၊ Wings OF KSU၊ မန္တလေးခရိုင်တပ်ရင်း(၅)၊ ဇေယျာရွှေမြေပြောက်ကျားတပ်ဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့၊ အားမာန်သစ် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ထိခိုက်ခဲ့ပြီးနောက် ဒီကနေ့ ဩဂုတ် ၁၇ ရက်နေ့မှာတော့ တောင်ရွာဘိုကျေးရွာ အနီးတဝိုက်ကို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
crd
🖋မင်းထက်
ဓာတ်ပုံ – People’s Defence Force – South Monywa

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *