အိမ်ရှင်မတွေ မျက်ရည်ကျနေရတဲ့ ရပ်ကွက်ထဲက ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

အိမ်ရှင်မတွေ မျက်ရည်ကျနေရတဲ့ ရပ်ကွက်ထဲက ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

အိမ်ရှင်မတွေ မျက်ရည်ကျနေရတဲ့ ရပ်ကွက်ထဲက ဟင်းသီးဟင်းရွက်ဈေးနှုန်းများ (ကန်စွန်းရွက်တောင် စားနိုင်ပါတော့မလား)


ရပ်ကွက်ဈေးတွေမှာ ဟင်းသီးဟင်းရွက်ဈေးတွေ ပိုပြီးဈေးမြင့်တက်လာပါတယ်။ တရုတ်ကန်စွန်းရွက် တစ်စည်း ၁၀၀၀-၁၂၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစ်စည်း ၅၀၀ ကျပ်၊ကန်စွန်းရိုးနီ တစ်စည်း ၃၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်း ၆၀၀ ကျပ် ဈေးတွေနဲ့ ဈေးမြင့်တက်လာပါတယ်။

ဗူးညွန့် တစ်စည်း ၈၀၀ ကျပ်၊ ကိုက်လန်ရွက် တစ်စည်း ၈၀၀ ကျပ်၊ ဖရုံညွန့် တစ်စည်း ၈၀၀ ကျပ်၊ မုန်ညှင်းဖြူ တစ်စည်း ၅၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက် တစ်စည်း ၄၀၀ ကျပ် ဈေးတွေနဲ့ အမြင့်ဈေးမှာရှိပါတယ်။


ကြက်ဟင်းခါးသီး တစ်လုံး ၄၀၀-၅၀၀ ကျပ်၊ ခရမ်းသီးရှည် အလုံးလတ် တစ်လုံး ၄၀၀-၅၀၀ ကျပ်၊ ထောပတ်ခရမ်းသီး အလုံးကြီး တစ်လုံး ၇၀၀-၈၀၀ ကျပ်၊ ဂေါ်ဖီ တစ်ထုပ် ၂၀၀၀ ကျပ်၊ ဂေါ်ရခါးသီး တစ်လုံး ၈၀၀ ကျပ်၊ ကျောက်ဖရုံသီးတစ်လုံး ၄၀၀၀ ကျပ်၊ ဘူးသီး တစ်လုံး ၃၅၀၀ ကျပ် ဈေးတွေနဲ့ အမြင့်ဈေးတွေမှာရှိပါတယ်။

 


ကြောင်လျှာသီး တစ်တောင့် ၁၅၀၀-၂၀၀၀ ကျပ်၊ ဂွေးတောက်ရွက် တစ်စည်း ၆၀၀ ကျပ်၊ ရွှေပဲ တစ်ဆယ်သား ၁၅၀၀ ကျပ်၊ ပဲသီးရှည် တစ်စည်း ၈၀၀-၁၀၀၀ ကျပ်၊ ဂျူးမြစ် တစ်စည်း ၈၀၀ ကျပ်၊ သခွားသီးတစ်လုံး ၆၀၀ ကျပ်၊ ရုံးပတေသီး တစ်စည်း ၅၀၀ ကျပ် ဈေးတွေနဲ့ ပြန်ပြီး ဈေးမြင့်တက်လာပါတယ်။

 


ခရမ်းကဆော့သီး တစ်တွဲ ၈၀၀ ကျပ်၊ ရွှေဖရုံသီး တစ်စိပ် ၁၀၀၀ ကျပ်၊ ရွှေဖရုံသီး အလုံးသေးလေးတွေ တစ်လုံး ၁၂၀၀-၁၅၀၀ ကျပ်၊ ခဝဲသီး တစ်တောင့် ၈၀၀ ကျပ်၊ ပဲစောင်းလျားသီး တစ်စည်း ၆၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ဆယ်သား ၇၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ဆယ်သား ၈၀၀-၁၀၀၀ ကျပ်၊ ကုလားအော်သီး တစ်ဆယ်သား ၁၄၀၀ ကျပ် ဈေးတွေနဲ့ အမြင့်ဈေးတွေရှိနေပါတယ်။ အထက်ပါ ဈေးနှုန်းများဟာ ရန်ကုန်မြို့ရဲ့ ဈေးနှုန်းများ ဖြစ်ပါတယ်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *