ဒါအမှန်ဘဲ နုကြည် နိုင်မြင်းကို မသိ့ရင် ချေးပေါ့ သာကော

ဒါအမှန်ဘဲ နုကြည် နိုင်မြင်းကို မသိ့ရင် ချေးပေါ့ သာကော

ဒါအမှန်ပဲလေ၊NUG က အတိအလင်းကြေငြာထားပြီးသား၊ဆုံးမှာမကြောက်လျှင်ချေး
ဒီရက်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အရေးပေါ် လာရောက်တဲ့ ခရီးစဉ်နဲ့ဆက်စပ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ချေးလိုက်တယ်ဆိုတဲ့ သတင်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာတာကိုတွေ့မိပါတယ်..။
အဆိုပါ သတင်းရဲ့ ခိုင်မာမှုကို ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သက်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မေးမြန်းအတည်ပြုသွားမှာဖြစ်သလို.. တပြိုင်နက်တည်းမှာ.. ပြည်ပနိုင်ငံတခုခုရဲ့ ထောက်ပံ့ငွေ၊ အကူအညီရငွေ၊ ချေးငွေတွေနဲ့ စပ်လျဉ်းတဲ့ NUG ရဲ့ မူဝါဒကို ရှင်းလင်းပြတ်သားအောင် အသိပေးလိုပါတယ်..။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာ…
“ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲသည့်ဥပဒေ” ကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပြဌာန်းခဲ့ပါတယ်..။
အဆိုပါ ဥပဒေအရ..
အကြမ်းဖက်စစ်ကောင်စီက လက်ခံရယူ၊ချေးယူခဲ့သော မည်သည့်ချေးငွေမဆို ပြည်သူ့ကြွေးမြီအဖြစ် အသိအမှတ်ပြုမည် မဟုတ်သလို NUG နှင့် ယင်းအားဆက်ခံသော အစိုးရများက ပေးဆပ်ရန် တာဝန်ရှိမည်မဟုတ်ကြောင်းကို အတိအလင်း ပြဌာန်းပြီး ဖြစ်ပါသည်..။
ပြည်သူ့ကြွေးမြီဆိုသည်မှာ ပြည်သူတွေကိုယ်တိုင်ကြည်ဖြူစွာ အုပ်ချုပ်ရေးအာဏာအပ်နှင်းခံရသည့် အစိုးရကသာ ချေးယူသုံးစွဲခွင့်ရှိပြီး ပြည်သူ့အာဏာကို အတင်းအဓမ္မလုယူထားသည့် အကြမ်းဖက်အဖွဲ့အစည်းက ချေးယူသုံးစွဲခွင့် အလျဉ်းမရှိပါ..။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *