သပိတ်ကျင်းမြို့အတွက်ဆုတောင်းပေးဦး မြို့သိမ်းတာ အောင်မြင်ပါစေ🌸 🙏🙏🙏

သပိတ်ကျင်းမြို့အတွက်ဆုတောင်းပေးဦး မြို့သိမ်းတာ အောင်မြင်ပါစေ🌸 🙏🙏🙏

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ၊စစ်အုပ်စု အပြင်းအထန် လေကြောင်းဗုံးကြဲ၊
ထင်လင်း/MFP ၊ ဩဂုတ် – ၁၈
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသလို စစ်အုပ်စုကလည်း လေကြောင်းဗုံးကြဲကာ အသည်းအသန် ခုခံနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သပိတ်ကျင်းမြို့သာမက သပိတ်ကျင်းနယ် စစ်အုပ်စုရဲ့ ကျောက်ကြီး သိပ္ပံနှင့် နည်းပညာတပ်နဲ့ တွင်းငယ်ကျေးရွာ အနီးက တကက(၁၃) ခေါ် စစ်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွေကိုလည်း တော်လှန်ရေး တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဩဂုတ်လ(၁၈)ရက် ဒီမနက်ပိုင်း တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ပျူတွေနဲ့ စခ လေးငါးကောင်လောက်က (သပိတ်ကျင်မြို့) မြို့ဦးတောင်ပေါ်ကနေ ပိတ်ခံပြီး တိုက်နေတာ၊ ပီတွေ (PDF)က ဆေးရုံ သုံးထပ်ဆောင်ပေါ်ကနေ လှမ်းပစ်နေတာလို့ ကြားတယ်။ မြို့ဦးတောင်ပေါ်က စခတွေက ဂျက်ဖိုက်တာ ခေါ်လိုက်တာ နေမယ်။ အခုမြို့ကို လာကြဲသွားတယ်လို့ သတင်းရတယ်။
ဘယ်နေရာတွေကို ဘယ်နှစ်လုံး ကြဲသလဲတော့ ဖုန်း အဆက်အသွယ် မရသေးလို့ အတိအကျ မသိရသေးဘူး”လို့ ဒီနေ့ သပိတ်ကျင်းမြို့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သပိတ်ကျင်း ဒေသခံက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ ဩဂုတ်လ (၁၄)ရက် ကတည်းက အဆိုပါ သပိတ်ကျင်းမြို့နဲ့ မြို့ပတ်လည်က နောက်ဆုံးလက်ကျန် စစ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နွှဲနေတာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို စစ်အုပ်စုက လေကြောင်းပစ်ကူနဲ့ အသည်းအသန် ခုခံနေပြီး သပိတ်ကျင်းမြို့ပေါ်၊ (၇)မိုင် ခေါ် အောင်ချမ်းသာ၊ (၉)မိုင်နဲ့ ဝါးဖြူတောင် စတဲ့ ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်း ဗုံးကြဲလို့ ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိကာ အိုးအိမ် ထိခိုက်ပျက်စီးမှုလည်း အများအပြား ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်း၊ ကျောက်လှည်းဘီးရွာအနီးက စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း (ခလရ) – ၁၄၈ ကို တအာင်းတပ်မတော် – TNLA၊ ပြည်သူ့ာကွယ်ရေး တပ်မတော် (PDF) မိုးကုတ်ဗျူဟာ၊ PLA – ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (၂၂၂)နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ဩဂုတ်လ(၉)ရက် ကတည်းက သိမ်းပိုက်ခဲ့တယ်လို့ PLA က ဩဂုတ်လ(၁၇)ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဩဂုတ်လ(၁၄)ရက်မှာ မန္တလေး-မိုးကုတ်-သပိတ်ကျင်း လမ်း၊ ဖော့တောလမ်းဆုံ စစ်အုပ်စု ဂိတ်ကို ဆက်လက် သိမ်းယူကာ သပိတ်ကျင်း၊ (၇)မိုင် လေ့ကျင့်ရေးတပ်ကို ဆက်လက် တိုက်ခိုက်နေတယ်လို့လည်း PLA က ထုတ်ပြန်ထားပါတယ်။ ‌
သပိတ်ကျင်းမြို့နယ်ထဲက စစ်အုပ်စုရဲ့ အခိုင်အမာ တပ်စခန်းတွေဖြစ်တဲ့ ခလရ (၁၄၈) အပါအဝင် ဇရပ်ကွင်းရွာ တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်းနဲ့ ဖက်ရှည်ရွာ တပ်စခန်း၊ စုစုပေါင်း တပ်စခန်း ကိုးခုကိုလည်း အပြီးသတ် သိမ်းပိုက် ရရှိထားပြီး ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ကလည်း ထုတ်ပြန်ထားပါတယ်။
အထက်ပါ စစ်စခန်းတွေ သိမ်းပိုက်ခံရချိန် စစ်အုပ်စုဟာ သပိတ်ကျင်းနယ်က စစ်အုပ်စု မိသားစုဝင်နဲ့ Non CDM ဝန်ထမ်း၊ စုစုပေါင်း လူဦးရေ (၁၀၀၀၀)ကျော်ကို ဩဂုတ်လ(၁၃)ရက် ကတည်းက သပိတ်ကျင်းမြို့ပေါ် ပို့ထားပြီး ဩဂုတ်လ(၁၇)ရက်မှာ ရေကြောင်းကတဆင့် မန္တလေးကို ထပ်မံ ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စဉ့်ကူးမြို့ အပါအဝင် စသ့်ကူးနယ် တနယ်လုံးကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေက သပိတ်ကျင်းနယ် တနယ်လုံးကို သိမ်းပိုက်နိုင်ဖို့ ဆက်လက် ထိုးစစ်ဆင်နေတာ ဖြစ်ပြီး သပိတ်ကျင်းနယ်မှာ စလက်ကျန်စစ်စခန်းတွေ အဖြစ် သပိတ်ကျင်းမြို့ပေါ်က စစ်အုပ်စုစခန်း၊ (၇)မိုင်ရွာရှိ အမှတ်(၂) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ-၂)၊ (၇)မိုင်နဲ့ (၆)မိုင်ရွာကြားက အမှတ်(၉၅၁) အင်ဂျင်နီယာတပ်၊ တကက(၁၃)တပ်၊ ကျောက်ကြီး သိပ္ပံနှင့် နည်းပညာတပ်၊ ကုတင်(၂၀/၁၀၀) စစ်ဆေးရုံ၊ အမှတ် (၁၂၁)တပ်ရဲ့ ထောက်ပို့ရုံးတို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့ တွေ့ရစဉ်/Photo – CJ
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *