မိုင်းဖြတ်မှာဖခင်အရင်းက အသက် ၁၄ နှစ်အရွယ်သမီးကို သား-မ-ယားပြု-ကျင့်

မိုင်းဖြတ်မှာဖခင်အရင်းက အသက် ၁၄ နှစ်အရွယ်သမီးကို သား-မ-ယားပြု-ကျင့်

Unicode

မိုင်းဖြတ်မှာဖခင်အရင်းက အသက် ၁၄ နှစ်အရွယ်သမီးကို သားမယားပြုကျင့်

သြဂုတ် ၂၁
ရှမ်းအရှေ့ မိုင်းဖြတ်မြို့မှာ ဖခင်အရင်းဖြစ်သူက အသက် ၁၄ နှစ်သာ ရှိသေးတဲ့ သမီးအရင်းဖြစ်သူကို သားမယားပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိုင်းဖြတ်မြို့၊ ဝမ်မိုင် -၁ ရပ်ကွက်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ရက် က ဖြစ်ပွားခဲ့တာဖြစ်ပြီး သမီးဖြစ်သူက ရပ်ကွက်ကို သြဂုတ်လ ၁၇ ရက်ကတိုင်တန်းခဲ့တာလို့ သိရပါတယ်။

 

သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သူဟာ ရဲဝင်းနိုင် ခေါ် သားငယ်ဆိုသူဖြစ်ပြီး ဖခင်နဲ့ ၂ ဦးတည်းအတူနေသူ အရွယ်မရောက်သေးတဲ့ သမီးအရင်းကို ပြုကျင့်ခဲ့တာဖြစ်လို့ မိုင်းဖြတ်ရဲစခန်းက မုဒိန်းမှုနဲ့ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖခင်ဖြစ်သူကိုသာ မှီခိုနေရတဲ့သူဖြစ်တဲ့အတွက် အခုအချိန်မှာ တစ်ဦးတည်းသာကျန်ရစ်သူ မိန်းကလေးငယ်အား ကျိုင်းတုံက အမျိုးသမီး အသက်မွေးမှုအတတ်ပညာသင်ကျောင်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
crd

Zawgyi


သြဂုတ် ၂၁


crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *