Posted inဗေဒင်ယတြာ
ဝါခေါင်လအတွက် အကောင်းဆုံးယတြာ
ဝါခေါင်လအတွက်အကောင်းဆုံးယတြာ ဝါခေါင်လဆန်း(၁)ရက်နေ့မှ ဝါခေါင်လကွယ်နေ့အထိတစ်လတာလုံး “လစ်ပို”ပုလင်းအတွင်းမှ အရည်များကို ထုတ်ယူ၍ ထိုပုလင်းထဲတွင် “ရေ”အသန့် ထည့်လိုက်ပါ။ “နှင်းဆီပန်း”အနီရဲရဲတစ်ပွင့်ကိုလည်း ရေထည့်ပြီးသား လစ်ပိုပုလင်းထဲတွင်စိုက်ထည့်ထားရပါမည်။ စတီးပန်းကန်အသေးတစ်ချပ် အလယ်တည့်တည့်၌ “ထုံး”ဖြင့်အဝိုင်းကွင်းဆွဲထားလိုက်ပါ။ စီရင်ထားသောလစ်ပိုပုလင်းကို စတီးပန်းကန်ပေါ် ထုံးအဝိုင်းကွင်းထဲတွင် တင်ထားပြီး မိမိအိမ်ဘုရား ကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် ကပ်လှူပေးရပါမယ် ခင်ဗျ…….။ အောက်ပါ ဂါထာတော်ကို (၁၄)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။…